Chapter 139
ထို့ကြောင့် သူက စကားလမ်းကြောင်းသာ လွှဲချလိုက်သည်။
"စကားမစပ်... တဲလက်စ်ရဲ့ ခံစားချက်က အစစ်အမှန်ဖြစ်နေတဲ့ပုံပဲ... မင်း ဘယ်လိုထင်လဲ.."
"ဘယ်သူ... တဲလက်စ်လား..."
ရှအန်းက နာမည်ကြားဖူးသော်လည်း မမှတ်မိပေ။ ထို့ကြောင့်ဟန်ယွဲ့၏ နှုတ်ခမ်းများ တွန့်လိမ်မိသွားသည်။
"အိုး... သိပြီ သိပြီ... ရှင်ပြောတာ ကျွန်မရဲ့ ညနေစာကို ဖျက်ဆီးခဲ့တဲ့ လူမလား... အခုလက်ရှိ ကျွန်မ ဘယ်မှမသွားရသလို အစားအသောက်ပါ သွားစားမရအောင် လုပ်ခဲ့တဲ့လူလေ..."
"..."
တဲလက်စ်အကြောင်း သတိပေးရန် ပြောပြတော့မည့် ဟန်ယွဲ့က ရှအန်း၏စကားကြောင့် ဆွံ့အသွားရသည်။
ရှအန်းအတွက် လူတစ်ယောက်ကိုမှတ်မိရန်မှာ ထိုလူက အစားအသောက်နှင့် ပတ်သတ်၍ တစ်ခုခု ဆက်စပ်နေမှသာ မှတ်မိနိုင်ပေသည်။
ဟန်ယွဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး အားနည်းစွာ ပြောလိုက်သည်။
"ဟုတ်တယ်... သူပဲ...""ရုတ်တရက်ကြီး အဲ့ကောင်အကြောင်းကို ဘာလို့ပြောရတာလဲ..."
"ဘာလို့လဲဆိုတော့ အဲ့အကောင်က မင်းကို ရှာချင်နေလို့ပဲ..."
ဟန်ယွဲ့ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။လူရှုပ်လူပွေတဲလက်စ်က သူမ၏ပုံကိုတင်ချိန်က သူက ရှအန်းကို စိတ်ထဲမထားရန် ပြောခဲ့သည်။
သို့သော် တဲလက်စ်က ရှအန်းကို အမှန်တကယ် စိတ်ထဲထားနေမည်ဟု မထင်ခဲ့ပေ။
"ကျွန်မကိုရှာတယ်... ဘာအတွက်လဲ..."
ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ တဲလက်စ်ဟုခေါ်သော အကောင်ကို ရွံရှာပေသည်။သူ့အကြောင်း တွေးမိတိုင်း သူမ၏ မစားလိုက်ရသည့် ဟော့ပေါ့လေးကို သတိရမိသွားသည်။
"ကြည့်ရတာတော့ သူက မင်းကို မြင်မြင်ချင်း ချစ်မိသွားပုံပဲ..."
ဟန်ယွဲ့က ၎င်းကို မဖြစ်နိုင်ဟု တွေးနေမိသည်။
လူတိုင်းက အလှတရားကို သဘောကျပြီး ဓာတ်ပုံတစ်ပုံကိုတွေ့၍ မြင်မြင်ချင်းချစ်သွားပြီး ပြင်ဆင်ထားသည့် ဓာတ်ပုံကိုလည်း သဘောကျသည်ဆိုသည်မှာ. အနည်းငယ် ထူးဆန်းပေသည်။
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...