Chapter 25
‘’ကျွန်မက ဈေးကြီးတယ်…’’
ထိုစကားကို ကြားလိုက်ရသည့် အယ်လန်မှာ နေရာတွင်တောင့်တောင့်ကြီး အေးခဲသွားသည်။
ဖျော်ဖြေရေးလောကထဲတွင် နာမည်ကြီး ဓါတ်ပုံဆရာဖြစ်သော သူနှင့်အတူတူ ရိုက်ကူးခွင့်ရသည့် ကြယ်ပွင့်များမှာ သိပ်မများလှပေ။
ထိပ်တန်းဆယ်လီတွေတောင်မှ အယ်လန်ကို မျက်နှာသာပေး ရလေ့ရှိသည်။
အယ်လန်သည် ရှအန်းကို သူ၏သီးသန့်မော်ဒယ်ဖြစ်လာရုံသာမက အကြီးဆုံးပြည်တွင်း ဖက်ရှင်မဂ္ဂဇင်းအတွက် ရိုက်ကူးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ထိုမိန်းကလေးသည် စိတ်လှုပ်ရှားခြင်းမရှိရုံသာမက သူမ၏စိတ်အာရုံအားလုံးသည် ငွေအပေါ်တွင်သာ ရှိနေသည်။
အယ်လန်တွင် ပြောစရာစကားများ တစ်ခဏမျှ ပျောက်ရှသွားသည်။
ပုံမှန်ဆို မဂ္ဂဇင်းများဘက်မှ ငွေကြေးအများအပြားမပေးပေမယ့်လည်း သူ၏ဓါတ်ပုံရိုက်ကူးပေးခြင်းကို လိုချင်သည့် ကြယ်ပွင့်များသည် သူအား အခကြေးငွေပေးကြသည်။
ဖက်ရှင်မဂ္ဂဇင်း၏ ရှေ့ဆုံးမျက်နှာတွင် ပါဝင်ခွင့်ရချင်ကြသည့် ကြယ်ပွင့်များစွာရှိသော်လည်း မဂ္ဂဇင်းအေဂျင်စီဘက်မှ ပေးချေသည့် ငွေပမာဏသည် အတော်လေးနည်းပါသည်။
ယေဘုယျအားဖြင့် ပြောရလျင် နာမည်ကြီးကြယ်ပွင့်များသည် ထိုကဲ့သို့သော ငွေပမာဏများအား ဂရုမစိုက်ကြပေ။ သူတို့လိုချင်သည်မှာ မဂ္ဂဇင်းမှတဆင့် လူသိများလာခြင်းကိုသာဖြစ်သည်။
သူ ရှအန်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။ သူမပုံစံက နောက်ပြောင်နေသည်နှင့် လုံးဝ မတူပေ။ အဆုံးတွင်တော့ အယ်လန်ဘက်မှနေ၍ ခြောက်ကပ်စွာဖြင့် မေးလိုက်သည်။
‘’ ဘယ်လောက် ဈေးကြီးတာလဲ…’’ရှအန်း၏ လှပသည့်မျက်နှာကို ကြည့်ပြီး သူမ၏အနုပညာကြေးသည် များပြားနေမည်ဆိုလျင်တောင် အယ်လန် အံ့ဩမည်မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူမ၏ထိုကဲ့သို့သောမျက်နှာအချိုးအစားက သူ့အားအလွန် စိတ်လှုပ်ရှားစေသည်။
VOUS LISEZ
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
Roman d'amourDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...