ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.6K 92 0
                                    

Chapter 123

"Return to Earth” ရုပ်ရှင်ရဲ့ အမျိုးသမီးဇာတ်ကောင်က ဆံပင်အနက်ရောင်နဲ့ မျက်လုံးအနက်ရောင်ရှိတဲ့ အာရှလူမျိုးတစ်ဦး ဖြစ်တယ်လို့ ပြောနေကြတယ်…သင့်တော်တဲ့ အာရှလူမျိုးသရုပ်ဆောင်တွေက ဒီဇာတ်ကောင်အတွက် အရည်အချင်းပြည့်မှီကြတယ်..."

ထိုနေ့မှာပင် ထိုပိုစ့်အား တရုတ်ပြည်၏ လူသိများသော အာလာပသလာပပြောကြသည့် ဂရုထဲသို့ ထုတ်ပြန်ကြေညာပြီးနောက် စိတ်ဝင်စားမှုအများအပြား ရရှိလာသည်။

ပိုစ့်သည် ယုတ္တိရှိသော ပိုစ့်ဖြစ်၍  အာရှသရုပ်ဆောင်များ၏  အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု၊သရုပ်ဆောင်ကျွမ်းကျင်မှု ၊ သူတို့ရိုက်ခဲ့ဖူးသောရုပ်ရှင်များကို အခြေခံထားသော ပုံများနှင့် သူတို့၏ဓာတ်ပုံများကို တင်ထားသည်။ ထိုအရာက ပရိသတ်များနှင့် လူများစွာတို့၏ စိတ်ဝင်စားမှုကို ရရှိလေသည်။

ကျော်ကြားသော အမျိုးသမီးစတားများ၏ ပရိတ်သတ်များသည် အရှေ့ဆုံးမှ ပွဲဆူနေကြသည်။ ထို့ကြောင့်  ပိုစ့်သည် ပို၍ လူသိများလာသည်။

"Back to Earth ရုပ်ရှင်က ဟောလိဝုဒ် ရုပ်ရှင်တစ်ကားဖြစ်လို့ အင်္ဂလိပ်စကားကျွမ်းကျင်မှုက အဓိကကျတယ်..အင်္ဂလိပ်စကားမကျွမ်းရင် အဓိကဇာတ်ကောင်နေရာမှာ ဘယ်လိုလို့ သရုပ်ဆောင်လို့ရမှာလဲ..ဒါကြောင့် ငါ့နတ်ဘုရားမ ဒီနေရာကို ယူလို့မရဘူး..."

"ယွိစစ်ပေရဲ့ ပရိတ်သတ်တွေက အရမ်းရှက်နေကြတယ်..သူမက အထက်တန်းကျောင်းက ဘွဲ့မရဘူး..ဒါရိုက်တာဂရေစ့်က ပညာမတတ်တဲ့ကြယ်ပွင့်ကို ဘယ်လိုလို့ ရွေးမှာလဲ..”

" လန့်ကျားရီရဲ့ သရုပ်ဆောင်မှုကတော့ ကောင်းပါတယ်..ဒါမဲ့ သူမ အောင်မြင်ပါ့မလား..wikipedia မှာ Return to Earth နဲ့ ဒါရိုက်တာ ဂရေ့စ်ရဲ့ အင်တာဗျူးကို ဖတ်ကြည်လိုက်ပါ…ဂျုန်းနေရာက လိုအပ်ချက်တွေက အရမ်းမြင့်တယ်..သူမဂျုန်းနေရာမှာ သရုပ်ဆောင်နိုငိပါ့မလား..."

" ဘယ်အဆင့်တွေရှိတာလဲ…အဲ့တာက အရမ်းရှုပ်တယ်…All cats and dogs က ခုရက်ပိုင်း ကြယ်ငါးပွင့် ရနိုင်တယ်..."


ပိုစ့်အား စတင်သူသည် အပျော်သဘောဖြင့်သာ တင်လိုက်သည်။ ထိုသို့ လူသိများသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေOù les histoires vivent. Découvrez maintenant