Chapter 106
“Come on Challenger ကရော...”
သူမ ပထမဆုံးရိုက်ကူးခဲ့သည့် ပရိုဂရမ်ကို ရှအန်း တွေးမိသွားသည်။ ရှအန်းသည် ဟန်ယွဲ့ကို ကျေးဇူးတင်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူမအပေါ် အလွန်ကောင်းသောကြောင့် ဖြစ်သည်။
သူအလုပ်နဲ့သူ ရှိသော်လည်း သူမတို့သားအမိအပေါ် ကောင်းပေးသည်။
ထို့ကြောင့် သူ၏ ပထမဆုံး ရသစုံအစီအစဉ်ကို သူမ မဖျက်စီးလိုပေ။
“ဟားဟား... မင်း ဒါကို စိတ်ပူစရာ မလိုပါဘူး.... ငါတိို့ရှိုးရဲ့ အသက်က မင်းပဲလေ... မင်းမရှိမှတော့ ရှိုးလည်း ပြီးပြီပေါ. ..”
“အဲလိုလား... ဒါပေမယ့် ဟန် ငါ နင်နဲ့ ဆက်ပတ်သက်နေရင် နင်ပါ ရောပါလာလိမ့်မယ်... နင် ငါ့နဲ့ ဝေးဝေးနေသင့်တယ် ထင်တယ်”
ရှအန်းက ရယ်ရင်း ပြောသည်။ သူမ အသံက ပေါ့ပါးသော်လည်း ဟာသ လုပ်နေပုံမပေါ်ပေ။“ကဲ စိတ်မပူပါနဲ့...အရှုံးပေါ်မယ့် ကိစ္စမျိုး ငါမလုပ်ပါဘူး..”
ဖုန်းချပြီးနောက် ရှအန်းမျက်နှာပေါ်က အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူမက ဖုန်းကို ကိုင်ရင်း ခဏ စဉ်းစားသည်။ နောက်ဆုံးတွင် နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
“ဟေး ရှအန်း....”
ဆွဲဆောင်မှုရှိသည့် ယောက်ျားသံတစ်သံ ထွက်လာသည်။ ရှအန်း၏ မျက်လုံးများ မှေးသွားပြီး အေးစက်သွားသည်။“ဟေး ဖုရှန်း”
“မင်း... ဖုန်းဆက်တယ်…”
“ဖုရှန်း... ငါသိချင်တာက နင်တို့လင်မယားကြားမှာ ငါက တတိယလူဖြစ်နေလား..."
ရှအန်းက ကွေ့ဝိုက်မနေဘဲ တည့်တိုးပြောသည်။“...”
အခြားတစ်ဖက်မှ လူက အသံတိတ်သွားသည်။
“ဖုရှန်း နင်က ယောက်ျားပဲ..ငါ့ကို တိုက်ရိုက်ပြောပြ.. နင် ဘာမှ မပြောဘူးလား... ငါတော့ နင့်ကို အထင်သေးတယ်..”
ရှအန်း၏ လှောင်ပြောင်သံကြောင့် ဖုရှန်းမှာ မခံနိုင်ဖြစ်သွားပြီး သူမမေးခွန်းကို နောက်ဆုံးတွင် ဖြေလိုက်သည်။
ESTÁS LEYENDO
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...