Chapter 92
ရှအန်း တက္ကစီထဲမှ ထွက်လာပြီးနောက် အမျိုးသမီးဇာတ်လိုက်အတွက် ရွှေလက်ချောင်းရောင်းသည့်နေရာသို့ တိုက်ရိုက်သွားခဲ့သည်။
ဆိုင်ကိုရောက်သည့်အခါ ကျောက်စိမ်းလည်ဆွဲက ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။
" ဘောစ့် ကျွန်မအရင်တစ်ခေါက်က တွေ့ခဲ့တဲ့ စန်းယုံအော်ပရာ ပုတီးစေ့ရော ..."
ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။ထိုကျာက်စိမ်းလည်ဆွဲက အမျိုးသမီးဇာတ်လိုက်၏ ရွှေလက်ချောင်းဖြစ်သည်။ သူမ ၎င်းကိုဝယ်သွားရန်အချိန်က တစ်နှစ်ခန့် စောနေသေးသည်။
အဲ့ဒါကြောင့် ဒီ ရွှေလက်ချောင်းကို ရောင်းလိုက်လို့မရဘူး ...
ဒါမှမဟုတ် သူမလိုမျိုး တခြားကမ္ဘာကလာတဲ့တစ်ယောက်က ဇာတ်လမ်းကိုသိပြီး အမျိုးသမီးဇာတ်လိုက်ကို ရွှေလက်ချောင်း ယူသွားပေးတာလား ...
" အာ ... အဲ့ဒါကို ဝယ်သွားပြီလေ ..."
ဆိုင်ရှင်ထံမှ တုံ့ပြန်ချက်ကြောင့် ရှအန်း သေချာသွားသည်။
ဝယ်သွားသည်ဟူသည့် အဓိပ္ပါယ်က သူမနှင့် ဆင်တူသည့်အခြားတစ်ယောက် ဤကမ္ဘာတွင် ရှိနေသည်။
သေချာတာတစ်ခုက အဲ့လူက သေချာပေါက်အမျိုးသမီးဇာတ်လိုက်ဘက်က မဟုတ်ဘူးဆိုတာပဲ ... မဟုတ်ရင် သူက ရွှေလက်ချောင်းကို လုသွားမှာ မဟုတ်ဘူး ...
" ဘောစ့် စန်းယုံအော်ပရာ ပုတီးစေ့ကို ဘယ်သူဝယ်သွားတာလဲ ဘယ်အချိန်က ဝယ်သွားတာလဲဆိုတာ မှတ်မိလား ... "
ရှအန်း ဤကိစ္စကို ရှင်းလင်းရန် ကြိုးစားနေစဉ် အကောင်ပေါက်လေး၏ မျက်နှာက ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။
" အင်း ... အဲ့လည်ဆွဲကို ဝယ်သွားတာ ချစ်စရာကောင်းတဲ့ကျောင်းသူလေးပဲ အသက် ၁၆-၁၇လောက်ရှိမယ် ...အချိန်ကတော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကထင်တယ် ... အတိအကျတော့ မမှတ်မိတော့ဘူး ..."
လည်ဆွဲကိုဝယ်သွားသူက ဖုအန်းချီနှင့် ရှကျင်းမဟုတ်သည်ကို အတည်ပြုပြီးသွားသည့်အခါ ရှအန်းအနည်းငယ်စိတ်အေးသွားသည်။
CZYTASZ
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomansDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...