Chapter 105
“ကျွန်မအမေဆိုတဲ့ အစ်မကြီးရှင့်... လိမ်ရတာ မဟုတ်မမှန်သတင်းလွှင့်ရတာ ဒီလောက်ကြိုက်နေရင် ကျွန်မရှေ့နေဆီက အကြောင်းကြားစာကို မျှော်နေလိုက်ပါ”
ရှအန်း၏ အေးစက်စက် ခပ်တည်တည်မျက်နှာကြောင့် ကြမ်းပြင်တွင် လူးလိမ့်နေသည့် ကျူးဟုန်မှာ အေးစက်သွားသည်။
သူမသည် ရှအန်း၏ မတုန်မလှုပ်အမူအရာကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။
သူမအတွေးထဲတွင်တော့ ရှအန်းသည် သူမပြုသမျှ နုရသည့် သိုးငယ်လေးတစ်ကောင်သာ ဖြစ်သည်။
သူမ ဘာပြောပြော သူမ၏လင်ပါသမီးသည် တစ်ခွန်းမှ ပြန်မဟခဲ့။
သည်တစ်ကြိမ်တွင်တော့ သူမက မီးအကြီးကြီးမွှေးလိုက်သည့်အတွက် သူမသမီးက ပြန်လှန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။
ကျူးဟောင်သည် တုံ့ဆိုင်းနေခဲ့သည်။ ရှအန်း လှည့်ထွက်တော့မည်ကို မြင်လိုက်သောအခါ သူမသည် ကြမ်းပြင်ပေါ်မှ ကုန်းထကာ ရှအန်းကို ဖက်ပြီး ထွက်မသွားနိုင်အောင် တားဆီးရန် ကြံသည်။
သို့ရာတွင် သူမသည် ရှအန်းကို လက်ဖျားနှင့်ပင် မထိလိုက်နိုင်ခင်တွင် ဝတ်စုံနက် ဝတ်ထားသည့် လူတစ်စုက သူမကို ဆွဲခေါ်သွားသည်။
“မင်းတို့က ဘယ်သူတွေလဲ... ငါ့ကိုလွှတ်စမ်း... လွှတ်ပါဆို…”
ကျူးဟောင်အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အသံပျောက်သွားသည်နှင့်အတူ သူမသည်လည်း ရှအန်းမျက်စိရှေ့မှ ကွယ်ပျောက်သွားသည်။
“ကဲ လာ အိမ်ပြန်ကြမယ်...”
စိတ်အနှောင့်အယှက်ဖြစ်စရာ အမျိုးသမီး မရှိတော့သည့်အခါ ရှအန်းသည် ကောင်ကလေးနှင့် ကုရှုမို၏ လက်ကို ဆွဲကာ အားလုံး၏ စပ်စုသည့်အကြည့်ရှေ့တွင် တည်ငြိမ်စွာဖြင့် လေဆိပ်မှ ထွက်ခွာသွားသည်။
ရှအန်း၏ တည်ငြိမ်သည့်ပုံစံကို ကြည့်နေသည့် အဖိုးအိုကု၏ မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ ထို့နောက် ၎င်းတို့သည် အရောင်လက်လာသည်။
KAMU SEDANG MEMBACA
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomansaDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...