Chapter 111
အင်တာနက်ပေါ်၌ ရှအန်း၏ အသံဖိုင် အချိန် ကြာကြာမရှိလိုက်ပေ။
သို့သော် ရှကျင်းသမီးတုံ့ပြန်သည့် ဗီဒီယိုမှာမူ အင်တာနက်တွင် ပုံစံအမျိုးမျိုးဖြင့် တင်ထားကြသည်။ သူ့ကို ပြန်လည်မျှဝေခြင်းမှာ ရှအန်းထက် အကြိမ်များစွာ ပိုပေသည်။ ထိပ်တန်းရှာဖွေမှုတွင် ရှအန်းနောက်မှ ရှကျင်းနှင့်သမီးက နေရာယူထားကြသည်။
[နိုင်ငံရဲ့သမီးပျိုလေးဖြစ်သင့်တယ်။ စိတ်နေစိတ်ထားက သာမန်လူတွေနဲ့ တခြားစီပဲ။ အရမ်းချစ်ဖို့ကောင်း၊ အရမ်းလိမ္မာ]
[ကလေးတွေကလိမ်မပြောတတ်ဘူး...ရှအန်း လွန်တာပဲ ဖြစ်ရမယ်]
[ကလေးက ငါးနှစ်ပဲရှိသေးတော့ တော်တော်ငယ်သေးတယ်... ဒီအရွယ်က မလိမ်လောက်ဘူး]
[အမှန်အတိုင်း ပြောရရင် ရှအန်းရဲ့အသံဖိုင်က အတုဖြစ်နိုင်တယ်...သူက ဖုရှန်းနဲ့ တွဲခဲ့ဖူးရင် အတုလုပ်လို့ ရနိုင်တာပဲ]
[ရှကျင်းက တော်တယ်... အဖေမှာ ရှအန်းဆိုတဲ့ မယားငယ်ရှိကြောင်း သိရတဲ့ ကလေးလေးက ကံဆိုးလိုက်တာ]
[ကလေးအတွက်ကျောင်းရှာတာ ကိုယ့်ဘာသာ လုပ်လို့ မရဘူးလား။ သူများယောက်ျားကို ရှာခိုင်းမှ ဖြစ်မှာလား]
…
ရှအန်းကို ဆဲရေးသည့် ကွန်းမန့်များသည် အင်တာနက်ပေါ်တွင် ပလူပျံနေသည်။ အခြေအနေတွေက ဒီလောက်ထိ ဖြစ်သွားမည်ဟု ဟန်ယွဲ့မထင်ထားခဲ့ပေ။
သို့သော် ဘယ်လိုမိန်းမမျိုးက ရှအန်းကို စိတ်ဆိုးနေသလဲဆိုတာနှင့် သူတို့နှစ်ယောက်ကြား အမုန်းမီးက ဘယ်လောက်ကြီးကြောင်း သူသိနားလည်ထားသည်။
ထိုကိစ္စများကို အစအဆုံး သူ မသိသော်လည်း ရှအန်းကတော့ အလိမ်အညာတွေ ပြောမည်မဟုတ်မှန်း သူသိသည်။
ရှကျင်းတို့သားအမိနှင့် ယှဉ်လိုက်လျှင် ရှအန်းက ပို၍ ယုံကြည်နိုင်သည်။ သို့သော် ကိစ္စက ဆိုးသွားရသည်မှာ ရှကျင်းက ကိုယ်တိုင်မရှင်းဘဲ ငါးနှစ်သမီးကို ဆွဲထည့်လိုက်သောကြောင့် ဖြစ်သည်။
ဤအရာကြောင့် လူများက မသိမသာနှင့် ရှကျင်းဘက်သို့ ပါသွားသည်။
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...