Chapter 23
‘’ဘုရားရေ… ဘာလို့ဒီလောက်တောင် လှနေရတာလဲ....’’
‘’အရမ်းမိုက်တာပဲ’’
ရှအန်းသည် ‘’Come on, Challenger’’ နောက်ခံအပြင်အဆင်၏ ‘’ဇွန်ဘီများဝိုင်းထားသည့်မြို့’’ ပထမပိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး များပြားလှသည့် တီးတိုးသံများအား ကြားလိုက်ရသည်။
‘’…..’’
ကောင်းမွန်သည့်တုန့်ပြန်ချက်များ ပြသနေသည့် ဝန်ထမ်းများနှင့် ဆန့်ကျင်စွာ ရှအန်းက တွေးလိုက်မိသည်။
ဒါက ဘယ်လိုဝတ်စုံကြီးလဲဟ… ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာမှာ ဒီလိုမျိုးဝတ်ကြလို့လား… ဇွန်ဘီအကိုက်ခံရမှာ မကြောက်ဘူးလား....
မှန်ထဲမှ အနက်ရောင်လည်သာဘောင်းဘီနှင့် အကျီလက်တိုဝတ်ဆင်ထားသည့် သူမပုံရိပ်ကို ကြည့်ရင်း မျက်လုံးကိုလှိမ့်လိုက်မိသည်။
ဝတ်စုံက ကြည့်ကောင်းပြီး လှပေမယ့် ဒီလိုဝတ်စုံမျိုးကို ကမ္ဘာပျက်ကပ်မှာ ဘယ်သူက ဝတ်လို့လဲ…
သူတို့ အသက်ရှည်ရှည် မနေချင်ကြဘူးလား…
ဒါလုံးဝ အဓိပ္ပာယ်မရှိဘူး…
အကယ်၍သာ မတော်တဆဇွန်ဘီများနဲ့ ထိတွေ့မိပါက သင်သည်လည်း သူတို့ထဲမှ တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သည်။
သူမသည် ဆယ်လီများ၏ ဓါတ်ပုံရိုက်ကူးခြင်း၊ရုပ်ရှင်ရိုက်ကူးခြင်းများကို နားလည်သော်လည်း ဝတ်စုံအပေါ်တွင်တော့ မကျေနပ်ပေ။
ထို့ကြောင့် ဝတ်စုံအားဝတ်ဆင်လျက် မကျေမနပ်ဖြင့် အဝတ်လဲခန်းထဲမှ ထွက်လာသည်။
အခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအားလုံး၏ မျက်ဝန်များမှာ သူမ အပေါ်သို့ ကျရောက်လာသည်။
ကမ္ဘာပျက်ကပ်မှ ရှအန်း၏ ရွှေလက်ချောင်းကြောင့်လား မူလပိုင်ရှင်၏ခန္ဓာကိုယ်ကြောင့်လား မသေချာသော်လည်း ထိုဝတ်စုံကိုဝတ်လိုက်သည်နှင့် သူမခန္ဓာကိုယ်မှာ လူတိုင်းရှေ့တွင် ပေါ်လွင်နေသည်။
ရှည်လျားဖြူဖွေးနေသောခြေထောက်၊ လက်တစ်ဖက်တည်းဖြင့်ပွေ့ဖက်နိုင်သော သေးသွယ်သည့်ခါး၊ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပုံစံသည် ပိန်ပါးနေသော်လည်း သန်မာသည့်ပုံပေါက်နေသည်။
BẠN ĐANG ĐỌC
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
Lãng mạnDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...