Chapter 120
အချိန်တွေကြာလာသည်နှင့်အမျှ အမေရိကန်မှာနေရသော နေ့ရက်များက တစ်ဖြည်းဖြည်းကောင်းသည့်ဘက်ကို ပြောင်းလာခဲ့သည်။
သူမသည် မစ္စတာကု အကူအညီဖြင့် ကုမ္ပဏီ တည်ထောင်ခဲ့သည်။
သူမ၏ သားသည်လည်း မစ္စကု အကူအညီဖြင့် အကောင်းဆုံးကျောင်းတွင် တက်ရောက်ခွင့်ရသည်။
“Come on Challenger” ရိုက်ကူးပြီးသွားသော်လည်း ရှအန်း၏စတားအိမ် ရှိုးအသစ်ကို စတင်ရိုက်ကူးရသည်။
ရိုက်ကူးရေးကလည်း သက်တောင့်သက်သာ ဖြစ်လာပြီး နေ့တိုင်း အစားအသောက် ကောင်းများစားရပြီး ကြယ်ငါးပွင့်ဟိုတယ်တွင် နေထိုင်ရသည်။ အဆင့်အမြင့်ဆုံးတွင် အကောင်းစား အသုံးအဆောင်များနှင့် နေထိုင်ရသည်။
ရှအန်း၏ စိတ်အခြေအနေသည် ကောင်းမွန်နေသည်။ သူမသည် ပျင်းသော်လည်း သူမ၏ စိတ်ကို ထိုအရာများက အားဖြစ်စေသည်။
ရှကျင်းကတော့ ကံဆိုးနေသည်။
သူမသည် “Mon is back” ရှိုးတွင် ရှအန်းကို မပါဝင်စေချင်၍ သူမက ပါဝင်လိုက်သည်။ သူမသည် ကျေးလက်ဒေသတွင် နေရမည်ကို မကြိုက်ပေ။ သူမသည် ပရိုဂရမ် ရိုက်ကူးရေးအစီအစဉ်ကို သိသော်လည်း အစီအမံနှင့် လိုက်လျောညီထွေအောင် နေရသည်။ သူမသည် ရိုက်ကူးရေးအတွက် ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။ ရိုက်ကူးရေးရိုက်သော အချိန်သည် သူမ၏ သာမာန်ဘဝနှင့် တူမည်ဟု ထင်ခဲ့သည်။ သို့သော် သူမဝယ်ခဲ့သော အရာအားလူံးသည် အလဟဿ ဖြစ်သွားသည်။
ပို၍ မမျှော်လင့်ထားသည့် အရာက သူမ၏ ကလေးကို အိမ်တွင် ထားခဲ့လို့ မရပေ။
ထို့ကြောင့် ရှကျင်းနှင့် ဖုအန်းချီ သည် ကျေးလက်ဒေသတွင် နေသူများ၏ ဘဝကဲ့သို့ ကြုံတွေ့ရတော့သည်။
ထိုသို့နေထိုင်မှုပုံစံက တန်ဖိုးကြီးနေရာတွင် နေနေကျဖြစ်သော အမေနှင့် သမီး နှစ်ယောက်သည် မေ့လဲသွားမလိုပင် ဖြစ်နေကြသည်။
ငိုရသည်ကို မကြိုက်သော မင်းသမီးလေး ဖုအန်းချီသည် မျက်ရည်များနှင့် လူတစ်ယောက်ဖြစ်လာသည်။ သူမသည် နေ့တိုင်းငိုနေပြီး အစာစားချိန် ၊ တစ်ခြားကလေးများနှင့် ဆော့ချိန်တွင်လည်း ငိုနေသည်။
أنت تقرأ
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
عاطفيةDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...