ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.5K 88 0
                                    

Chapterr 166

" ရှအန်းကျဲမသိပေမယ့် အခုလေးတင် နိုင်ငံတကာ ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်တွေက  ဖိတ်ကြားချက်တွေအများကြီး ရောက်လာတယ်  ... သူတို့က ကျဲနဲ့အတူ ကြော်ငြာရိုက်ချင်နေကြတယ် ..."

တစ်ဖက်လူက brand ambassador လုပ်ရန်ဟု မပြောသော်လည်း ထိုသို့ဖိတ်ကြားခြင်းကပင် ရှုထျန်းထျန်းအတွက် ပျော်စရာဖြစ်နေသည်။

ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် ကြော်ငြာရိုက်ပေးခြင်းကပင် brand ambassador ဖြစ်ရန် နီးကပ်လာခြင်းဖြစ်သည်။

ရှုထျန်းထျန်း၏ စိတ်လှုပ်ရှားနေသောအကြည့်ကို မြင်သောအခါ ရှအန်းပျော်ရွှင်သွားသည်။
ခုနလေးတင်ပဲ စိတ်ဆိုးနေတဲ့မိန်းကလေးက ခုတော့ စိတ်လှုပ်ရှားနေပြီ ...

" အိုကေ ထျန်းထျန်းပဲ ကြည့်လုပ်လိုက်နော် ..."
ရှအန်း ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။ ယခုအချိန်တွင် သူမအတွက်အရေးကြီးဆုံးကိစ္စက သူမကုမ္ပဏီသာဖြစ်သည်။

" ရှအန်းကျဲ သူတို့အားလုံးကို ရွေးလိုက်ရင်ရော ...ဘာပဲဖြစ်ဖြစ်သူတို့က နိုင်ငံတကာမှာ နာမည်ရထားတာတွေကြီးပဲလေ ... ကျဲရဲ့ ပုံရိပ်ကိုလည်း မထိခိုက်နိုင်ဘူး ..."
ရှုထျန်းထျန်းက လေးလေးနက်နက်ပြောလိုက်သည်။

" အမ် ... အကုန်လုံးကိုလား ..."
ရှုထျန်းထျန်းကို ထိုမျှရက်စက်လိမ့်မည်ဟု ရှအန်းမထင်ခဲ့ပေ။ သူမ၏အေးဂျင့်ကို ထိတ်လန့်စွာကြည့်နေမိသည်။

" ဟုတ်တယ် အကုန်လုံးကိုလေ ကျဲပဲ အရင်တစ်ခေါက်က ကြော်ငြာတွေအများကြီးရိုက်တော့မယ်လို့ ပြောခဲ့တယ်မလား ..."

ရှအန်း ကိုယ့်သေတွင်းကိုယ်တူးမိသွားသည်။

ဘာပဲဖြစ်ဖြစ် ဒါက သူမအတွက်ကောင်းတာပဲလေ ...

" ဒါဆိုလည်း ထျန်းထျန်းကြိုက်တာလုပ်ပါ ..."
ရှအန်း ခေါင်းငြိမ့်လိုက်သည့်အခါ ရှုထျန်းထျန်း ထခုန်မတတ်ဖြစ်သွားသည်။

သူမ၏ နတ်ဘုရားမလေးက variety show၊ ရုပ်ရှင်နှင့် တီဗီရုပ်သံလိုင်းများကို သိမ်းပိုက်ပြီးနောက် မကြာတော့မည့်အနာဂတ်တွင် ဖက်ရှင်လောကတွင်ပါ အောင်မြင်လာတော့မည်ကို သူမ သေချာပေါက်သိနေသည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေDonde viven las historias. Descúbrelo ahora