ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.5K 88 0
                                    

Chapter 193

"ဟယ်လို...ရှောင်ရှင်း.... မာမားကိုလွမ်းနေပြီလား..."

ရှအန်း အိပ်ယာပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ရင်းနှီးသောလေသံဖြင့်ပြောလိုက်သည်။

အခြားတစ်ဖက်မှ ကောင်လေးက ပျော်ရွှင်နေသောအသံဖြင့်ပြောလာသည်။
" ဟုတ်ကဲ့....ရှောင်ရှင်း မာမားကိုလွမ်းနေပြီ....ဘယ်အချိန်ပြန်လာမှာလဲဟင်...."

"မာမား မနက်ဖြန်ညလောက် ပြန်လာခဲ့မယ်...."

"ဒါဆို...သား လေဆိပ်ကို လာကြိုလိုက်မယ်...."

"သား လာကြိုစရာမလိုဘူး.... အိမ်မှာ ရှောင်ချန်းနဲ့ ကောင်းကောင်းနေပြီး မာမားကိုစောင့်နေနော်......" 
ရှအန်းက အပြုံးလေးဖြင့်ပြောလိုက်သည်။

မကြာမီ..ကုရှုမော့၏အသံက ဖုန်းထဲတွင်ပေါ်လာခဲ့သည်။ ကုရှုမော့က ဖုန်းကို မကိုင်ရ၍ ရှအန်းနှင့် ဆက်သွယ်ရန် အော်၍ပြောနေရခြင်းမှာ သိသာသည်။

"မမနတ်သမီး...ရှောင်ရှင်းနဲ့  သား မနက်ဖြန် လေဆိပ်ကို လာကြိုမယ်....ရှောင်ရှင်းနဲ့ သား ဒီရက်တွေမှာ မမကို အရမ်းသတိရနေတာ....မမပြန်မလာဘူးဆိုရင် ရှောင်ရှင်းနဲ့သား ပဲရစ် ကိုလိုက်လာမှာနော်...."

"မင်း ဘေးဖယ်စမ်းပါ....ငါ မာမားနဲ့ ပြောနေတာ မနှောင့်ယှက်နဲ့...."

"မလုပ်နဲ့...မလုပ်နဲ့...မလုပ်နဲ့ ...ခဏလေး..."

ရှောင်ရှင်းချန်၏ ဒေါသထွက်နေပုံနှင့် ကုရှုမော့၏အော်ဟစ်သံများက ရှအန်းကို ရယ်စေခဲ့သည်။

ထိုကလေးနှစ်ယောက်က အလွန်ချစ်ဖို့ကောင်းသည်။ ငွေအတွက် ကုရှုမော့ကိုခေါ်ထားလိုက်သည့်ဆုံးဖြတ်ချက်က အလွန်မှန်ခဲ့သည်။ အခု ဒီကလေးက သူမ၏ဗီလိန်ကို ဆန့်ကျင်မည့်ကောင်လေး လုံးဝဖြစ်လာတော့မှာမဟုတ်ပေ။

ထို့အပြင် သူမ၏ချစ်လှစွာသောသားတွင် ကောင်းသောကစားဖော်တစ်ယောက်ရရှိခဲ့သည်။ သူတို့က ကစားဖော်သူငယ်ချင်းများ ဟုတ်ချင်မှလည်းဟုတ်မည်။

သို့သော် သူမ၏သားသည် ကုရှုမော့နှင့်အတူရှိနေလျှင် ကလေးငယ်တစ်ယောက်ကဲ့သို့ မိုက်မဲစွာ ရန်ဖြစ်တတ်သည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေWhere stories live. Discover now