Chapter 7
ရှအန်း ရှရှင်းချန်၏ လက်လေးအား ကိုင်လိုက်ပြီး မိဘမဲ့ဂေဟာ၏ အဝင်ဝသို့ လမ်းလျောက်သွားလိုက်သည်။လက်အကြီးနှင့် လက်အသေးလေး နှစ်ခုတွဲကိုင်ထားချိန်မှာတော့ နေရောင်သည် အနီလိမ္မော်ရောင်သို့ပြောင်းနေပြီး မြင်ကွင်းကို နွေးထွေးနေစေတယ်။
သို့သော် ထိုနွေးထွေးမှုသည် အချိန်တိုလေးအတွင်းသာဖြစ်သည်။
ရှအန်း နှင့် ရှောင်ရှင်းချန် နှစ်ယောက်သား မိဘမဲ့ကျောင်း၏ အဝင်ဝသို့ရောက်သည်နှင့် သူမ အရှေ့တွင် အဖြူရောင်အလင်းတန်း ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင်ပဲ များပြားလှသည့် မီဒီယာမှလူများသည် သူတို့နှစ်ယောက်အား ဝိုင်းဝန်းလိုက်ကြလေသည်။
‘’ကလစ်… ကလစ်…’’
‘’မစ္စရှအန်း… ရှင့်သားကိုလက်တွဲထားတာလား...."
‘’ကလေးရဲ့အဖေရင်းက ဘယ်သူပါလဲ.....’’
‘’ မစ္စရှအန်း… ခင်ဗျားက ကိုယ့်ရဲ့ ရဲ့မတ်လေးနဲ့ ကိုယ် ပတ်သတ်နေတယ်လို့ ကြားရတယ် ဟုတ်လားဗျ....."
‘’မစ္စရှ… ဒီကို ဘာလို့လာတာလဲ… ရှင့်သားကို ခေါ်ဖို့လာတာလား....’’
‘’မစ္စရှ…’’
ရှအန်းသည် သူမရှေ့မှ ကင်မရာနှင့်မိုက်ခရိုဖုန်းများသယ်ဆောင်ထားသည့် ရေတွက်လို့မရလောက်သော သတင်းထောက်များအား ကြည့်လိုက်သည်။
မိုက်ခရိုဖုန်းတစ်ခုမှာ သူမမျက်နှာအား ရိုက်မိမတတ်ဖြစ်သွားသည့်အတွက် သူမ စိတ်တိုသွားသည်။
ကမ္ဘာပျက်ကပ်တွင် အင်အားလွှမ်းမိုးနိုင်မှုကြောင့် ဥပဒေဟူ၍ မရှိတော့ပေ။ ထို့ကြောင့် လူတော်တော်များများသည် အလွန်မောက်လာကြပြီး စိတ်ဆတ်လာကြသည်။
ထို့ကြောင့် ရှအန်းသည်လဲ ထိုထဲမှ လူတစ်ဉီးဖြစ်သည့်အတွက် အလင်းရောင်များအား မျက်တောင်မခတ်ပဲ စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။
‘’ ရပ်လိုက်စမ်း..... ‘’
အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ….
ŞİMDİ OKUDUĞUN
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomantizmDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...