Chapter 50
ဟန်ယွဲ့က ရှအန်းသည် သူတို့ရှိုးအတွက် သင့်လျော်သည်ဟု ထင်သော်လည်း ရှုလင်းက ရုပ်ရှင်ရိုက်ရန် ပိုသင့်တော်သည်ဟု တွေးမိသည်။
အထူးသဖြင့် ကိုယ်ခံပညာရှင် သရုပ်ဆောင်အဖြစ်ပေါ့ ...
ယနေ့ခေတ်တွင် အမျိုးသမီး အနုပညာရှင်များက ကိုယ်ခံပညာဇာတ်ကားများ ရိုက်ကူးခြင်း အလွန်ရှားပါးပြီး နိုင်ငံခြားဇာတ်ကားများကသာ ကိုယ်ခံပညာကို စိတ်ဝင်စားနေကြဆဲ ဖြစ်သည်။
အကယ်၍ သူမက ကိုယ်ခံပညာရှင် သရုပ်ဆောင်တစ်ယောက် ဖြစ်လာပါက တရုတ်နိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ လူသိများလာမည်ဟု သူယုံကြည်ထားသည်။
" မဟုတ်သေးဘူး ... ငါကိုယ်တိုင် ရှအန်းကို သွားတွေ့ရမယ် ... မဟုတ်ရင် ရှအန်းက သူမဆီ လာသမျှတိုင်းကို " ဇွန်ဘီ " တွေလို ဆက်ဆံလိမ့်မယ် ..."
ရှအန်းတစ်ယောက် တစ်ဖွဲ့လုံးကို ဖျက်ဆီးပြီး တောနက်ထဲ လွတ်မြောက်သွားသည်ကို ကြည့်ရှုပြီးနောက် ဟန်ယွဲ့က သူမကိုကိုယ်တိုင် သွားရှာရန် ဆုံးဖြတ်လိုက်သည်။မဟုတ်ရင် ရှအန်းက ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူး ... အစီအစဉ်လည်း ဆက်ရိုက်လို့မရ ဖြစ်သွားလိမ့်မယ် ...
" အမ် ... မင်း ဂရုစိုက်ဖို့တော့လိုမယ် ... ရှအန်းရဲ့ တိုက်ခိုက်မှုတွေက သန်မာလွန်းတယ် ..."ရှအန်းက ဝန်ထမ်းကို တစ်ချက်တည်း တိုက်ခိုက်လိုက်သည်ကိုတွေ့၍ ရှုလင်းက ဟန်ယွဲ့နှင့်အတူ ရှအန်းကို သွားမရှာချင်ပေ။
" ကောင်းပြီ ကောင်းပြီ ငါက အာရုံခံကိရိယာ ဝတ်ထားတဲ့ သရုပ်ဆောင်မဟုတ်ဘူး ... လုံခြုံအောင် ဦးထုပ်ဆောင်းသွားလိုက်မယ် ..."
ရွာသားလေးဦးက ခေါင်းကိုအုပ်၍ နာကျင်စွာ အော်ဟစ်ရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ ဇွန်ဘီဖြစ်ကြောင်း ကိရိယာကို မဖယ်ရှားခဲ့ခြင်းကြောင့် ဖြစ်သည်။
ပရိုဂရမ်အဖွဲ့မှ ထုတ်ပေးသည့် ဒီဇိုင်းပစ္စည်းများမှာ အာရုံခံကိရိယာများဖြစ်သည်။
အရေးကြီးသော အစိတ်အပိုင်းများကို တိုက်ခိုက်ခံနေသမျှကာလပတ်လုံး ဇွန်ဘီများက နာကျင်မှုကိုခံစားရပြီး ၎င်းတို့၏လှုပ်ရှားနိုင်စွမ်းကို ခေတ္တဆုံးရှုံးသွားမည်ဖြစ်သည်။
ဒါပေမယ့် ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး ...
BẠN ĐANG ĐỌC
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
Lãng mạnDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...