ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.5K 87 0
                                    

Chapter 191

ယခုအချိန်၌ ရှအန်းသည် အဆင်ပြေနေဆဲဖြစ်ကာ တခြားအမှတ်တံဆိပ်များ၏ဖက်ရှင်ရှိုးပွဲများကိုဆက်လက်တက်ရောက်ခဲ့သည်။

သူမ၏ အသွင်ပြင်ပုံစံအားလုံးက တောင်ပကာလင်းလက်နေပြီး  အမျိုးသမီးကြယ်ပွင့်များစွာကို ဖိနှိပ်ထားနိုင်လေသည်။

ထို့အပြင် သူမတက်သမျှ ဖက်ရှင် ရှိုးပွဲများတွင် ဝတ်ဆင်သော ပွဲတက်ဝတ်စုံတိုင်းက အလွန်အမင်း ဈေးကြီးနေလေ့ရှိကြသည်...။

သူမဝတ်သမျှ ပွဲတက်ဝတ်စုံ တံဆိပ်တိုင်း၏ တံဆိပ်က ဟယ်ရီဝစ်စတန်မှာ စီးရီးတစ်ခုစာလုံးဖြစ်ကာ အဓိပ္ပာယ်များစွာဖော်ကြူး၍ရသော ပွဲတက်ဝတ်စုံများက ဈေးပိုကြီးသည်။

ထိုပွဲတက်ဝတ်စုံစီးရီးလိုက်ကို ကြည့်ပြီး လူတိုင်းအံ့သြသွားတော့သည်...။

အထူးသဖြင့် ရှအန်းက မည်သည့်ရှိုးသို့တက်ရောင်ပါစေ အချိန်တိုင်း ထိုမျှ တန်ဖိုးကြီးသော ပွဲတက်ဝတ်စုံများကိုဝတ်ပြီး ပထမတန်း၌ အမြဲထိုင်လေ့ရှိသည်။

၎င်းက ရှအန်းကို မနာလိုရှုံ့ချချင်ကြသော လူများစွာ၏ အကြိုက်ဖြစ်သွားခဲ့သည်....။

တရုတ်နိုင်ငံ၌ အဆင့်မြင့်တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်ဖက်ရှင်ရှိုးပွဲ များစွာ တက်ရောက်နိုင်သည့် အမျိုးသမီးစတားတစ်ယောက်မှ မရှိသလို အချိန်တိုင်း ပထမတန်းတွင် ထိုင်ရန် အခွင့်အရေးရဖို့ဆိုသည်မှာ စိတ်ကူး၍ပင်မရပေ။

အဲ့တာက ဘာကိုဆိုလိုတာလဲ....

၎င်းက ဖက်ရှင် အသိုင်းဝိုင်းထဲတွင်
ရှအန်း ၏အရင်းအမြစ်များ ပေါများနေခြင်းကို ပြသနိုင်ခြင်းဖြစ်သည်။ ၎င်းက နိုင်ငံအတွင်းရှိ အမျိုးသားကြယ်ပွင့်များ သာမက အမျိုးသမီးကြယ်ပွင့်များထဲတွင်ပါ အကောင်းဆုံးဖြစ်ခဲ့ပေသည်...။

ရလဒ်အနေဖြင့် ပြည်တွင်းကွန်ရက်ရှိလူအများစုက ရှအန်းသည် အဘယ်ကြောင့် အဆင့်မြင့်တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်များကိုဝတ်ဆင်နိုင်ပြီး အမြဲတမ်းပထမတန်းထိုင်ခုံ၌ ထိုင်နိုင်နေခြင်းအကြောင်းကို  စတင်တွေးလာကြတော့သည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေDonde viven las historias. Descúbrelo ahora