Chapter 163
ယခုအချိန်တစ်ကမ္ဘာလုံးတွင် ရေပန်းအစားဆုံးကို ပြောရမည်ဆိုပါက ရှအန်း၏ကွန်ဖူးပင်ဖြစ်သည်။
Reality show တစ်ခုက နာမည်ကြီးအဖြစ်အပျက်များစွာကို ကျော်လွှားသွားနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
တရုတ်လူမျိုးများရိုက်ကူးသည့် variety show က တရုတ်လူမျိုးတို့၏ ကမ္ဘာကြီးကို နာမည်ကြီးသွားစေမည်ဟုလည်း မည်သူမျှ မမျှော်လင့်ခဲ့ပေ။ နာမည်ကြီးဒါရိုက်တာ ထုတ်လုပ်ရေးနှင့် ထင်ရှားကျော်ကြားသော အနုပညာရှင်များ မပါဝင်ခဲ့ပေ။ ၎င်းကို ကြီးမားသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည့် သေးငယ်သော အစီအစဉ်တစ်ခုအဖြစ်သာ မှတ်ယူနိုင်သည်။
"ရှအန်း၏စတားဘဝ" အပိုင်း၄က တစ်ကမ္ဘာလုံးကို တရုတ်နိုင်ငံမှ အမျိုးသမီးအနုပညာရှင် ရှအန်းကို သိရှိသွားစေခဲ့သည်။
"ရှအန်း၏စတားဘဝ" အပိုင်း၅နှင့် အပိုင်း၆က ရှအန်းနှင့် သူမ၏ဘဝကို တစ်ကမ္ဘာလုံးရှေ့တွင် ကြော်ငြာခဲ့သည်။
မြောက်များစွာသောနိုင်ငံများမှ တီဗွီရုပ်သံလိုင်းများက "ရှအန်း၏စတားဘဝ" ကို ထုတ်လုပ်ခွင့်ကို ဝယ်ယူချင်လာကြသည်။ ကမ္ဘာတစ်ဝှမ်းတွင် လူသိများခဲ့သည့် variety show ကို တစ်ကမ္ဘာလုံးကို ယူဆောင်လာချင်ခဲ့သည်။
ထိုအချိန်အတောအတွင်း ဟန်ယွဲ့နှင့် ရှုထျန်းထျန်း အလွန်အလုပ်များခဲ့ကြသည်။
" ကောင်းပါပြီ ကျွန်မသိပါပြီ ဥက္ကဌဟန် ... ဟုတ်ကဲ့ ကျွန်မ အာရုံစိုက်လိုက်ပါ့မယ် စိတ်မပူပါနဲ့ ..."
ရှုထျန်းထျန်း ဖုန်းချလိုက်သည်ကို မြင်သောအခါ ရှအန်းက အပြုံးဖြင့်မေးလိုက်သည်။
" ဘာဖြစ်လို့လဲ ဟန် တစ်ခုခုဖြစ်လို့လား ..."သူမ၏အေးဂျင့် ဖြစ်လာပြီးတည်းက ဤမိန်းကလေး အလွန်အလုပ်များလာကြောင်း သူမသိသည်။
သူမ၏ဖုန်းတစ်ကြိမ်မြည်လာတိုင်း အတူရှိနေသော ရှအန်းက သူမကိုယ်တိုင် နာမည်ကြီးအနုပညာရှင်ဖြစ်လာပြီဟု ထင်လာခဲ့သည်။
သူမ၏အေးဂျင့်လေးက နေ့တိုင်း အဆုံးမရှိ အလုပ်ရှုပ်နေခဲ့သည်။
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...