ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)
အပိုင်း ၅၁.......တခုခုတော့ အကြီးအကျယ်ကိုဖြစ်တော့မယ်
မူရင်းစာရေးဆရာ.....Shen Jian
ဘာသာပြန်သူ.... Tun Myint Aung
သူညီကိုပါ ခေါင်းဖြတ်သတ်မယ်လို့ကြားတာနဲ့ စစ်သူကြီးချုပ်ရဲ့ ဒေါသတာတမံက မထိန်းချုပ်နိုင်တော့ပဲ ကျိုးပေါက်သွားကာ အော်ပြီးအမိန့်ပေးလိုက်သည်
"... ငါအမိန့်... အခုချက်ချင်း တပ်မဟာ ဆယ်ခုပြင်ပြီး စကြာဝဠာကျောင်းကို ဝိုင်းဖို့ပြင်ဆင်ကျ.... "တပ်မဟာဆယ်ခု.... ဒါဆို စစ်သားအဟောက်တသိန်းပဲ.....!
စစ်သား တသိန်းနဲ့ စကြာဝဠာကျောင်းကို ဝိုင်းမယ်..... !
အဲ့ဒါကို ကြားတော့ ဟောက်ထျန်ကို အစီရင်ခံလိုက်တဲ့စစ်သားနှစ်ယောက်လဲ အရမ်းကို အံသြသွားလေသည် ( ဆေးထိုးတုံးက ထိုးပြီးတော့ 😁😁)
" ... မင်းတို့က ဘာကြောင်ပြီး ရပ်နေတာလဲ ငါပြောတာမကြားဘူး
လား.... "
စစ်သားနှစ်ယောက် အံသြမင်သက်ပြီး မလှုပ်ရှားသေးတာကို တွေ့တော့ စစ်သူကြီးက အော်ပြီးကြိမ်းမောင်းလိုက်လေသည်။".. ဟူတ်... ဟူတ်ကဲ့ စစ်သူကြ်ိး..."
စစ်သားနှစ်ယောက်လဲ တုန်လှုပ်ခြောက်ခြားစွာနဲ့ စစ်သူကြီးအမိန့်ကို ပြင်ဆင်ဖို့ ထွက်သွားကျလေသည်။"... သံလက်သည်း သိမ်းငှက်... "
သူတို့နှစ်ယောက် ထွက်သွားတာနဲ့ ဟောက်ထျန်လဲ ကောင်းကင်ကိုမျက်နှာမူကာ အကျယ်ကြီး အော်ခေါ်လိုက်သည်။ ဟောက်ထျန်အော်သံဆုံးသွားတာနဲ့ ကောင်းကင်ထက်ကနေ ကြီးမားတဲ့ မီးခိုးရောင် သိမ်းငှက်ကြီးက ကျယ်လောင်စွာ ဟိန်းသံပေးရင် ပေါ်လာလေသည်။အိမ်တော် အစောင့်တွေနဲ့ စစ်သားတွေလဲ သိမ်းငှက်ကြီးပေါ်လာတာကိုကြည်ရင်း သူတို့အမူအရာတွေ ချက်ချင်းပြောင်းလဲသွားကျကာ
တခုခုတော့သေချာပါက်ကို ကြီးကြီးမားမားဖြစ်တော့မှာပဲ.... !အရမ်းကို အရေးကြီးတဲ့ ကိစ္စကျမှ စစ်သူကြီးချုပ်က သူ့သိမ်းငှက်ကို ဆင့်ခေါ်တာမဟုတ်လား..... ။
"..... မြေကြီး အဆင့် ၈ နဲ့ အထက် စစ်သားအားလုံး စစ်မြေပြင်ကွင်းမှာ စုစည်းကျ... "
အဲ့နောက်မှာ စစ်သူကြီး ဟောက်ထျန်ရဲ့ ကျယ်လောင်စွာ အမိန့်ပေးသံက အိမ်တော်တခုလုံးကိုလွှမ်းခြုံသွားလေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Adventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...