ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၁၄၆ ..... အတန်းရဲ့ပထမနေရာကိုယူခြင်လို့ဟုတ်လား..?
".. ဂိုဏ်းချုပ် တခြားကိစ္စတခုလဲရှိပါသေးတယ်... ဒိကြားထဲမှာ ထျန်ယွမ်အိမ်တော်က အစောင့်တွေနဲ့ ဝန်ကြီးချုပ် အိမ်တော်က စစ်သားတွေက ပဋိပက္ခ တွေမကြာခနဖြစ်ပွားနေပါတယ်.. "
ဖေးဟိုက ခနလောက်တုန့်ဆိုင်းနေပြီးမှ ရှောင်လုံကိုပြောပြလိုက်သည်။"...ဝန်ကြီးချုပ်အိမ်တော်ဟုတ်လား... ?"
ရှောင်လုံမျက်လုံးတွေက ဝန်ကြီးချုပ်ဆိုတဲ့ သတင်းကြားတာနဲ့ ရေခဲတမျှ အေးစက်သွားကာ
"... ဘာဖြစ်ကြတာလဲ.. ?""... လွန်ခဲ့တဲ့တပါတ်လောက် ကျွန်တော်တို့ထျန်ယွမ်အိမ်တော်ကနေ အစောင့်တချို့ကို စားသောက်စရာတွေဝယ်ဖို့စေလွှတ်ခဲ့ပါတယ်..
ကျွန်တော်တို့အစောင့်တွေ စားသောက်စရာသွားဝယ်တဲ့နေရာကိုရောက်တော့ ဝန်ကြီးချုပ်အိမ်တော်ကအစောင့်တွေနဲ့ ရင်ဆိုင်တွေ့ကြပါတယ်... သူတို့ပြောတာက ဒီစားသောက်စရာတွေကို သူတို့ကြိုတင်စရံပေးထားတာကြာပြီတဲ့ .."
ဖေးဟိုက ပြန်ဖြေလိုက်သည် ။
".. အဲ့နောက်တော့ နှစ်ဘက်လုံးပိုအငြင်းပွားလာကြပြီး ဝန်ကြီးချုပ်အိမ်တော်ကအစောင့်တယောက်က ရုတ်တရက်စတင်တိုက်ခိုက်လိုက်တာမို့ ကျွန်တော်တို့ဘက်ကအစောင့်တယောက်ဒဏ်ရရသွားပါတယ်... အဲ့နောက်ပိုင်းမှာတော့ ရန်ပွဲကပိုပြီးကြီးမားလာတာပါ.. "ရှောင်လုံက အေးစက်စက်မျက်နှာထားဖြင့်ခေါင်းညိတ်ပြလိုက်သည်။
ဝန်ကြီးချုပ် အိမ်တော်...?"... ဖေးဟို... အခုချက်ချင်းငါ့အမိန့်ကိုထုတ်ပြန်လိုက်.... နောက်တခါဝန်ကြီးချုပ်အိမ်တော်ကလူတွေနဲ့တွေ့ရက် ယဉ်ယဉ်ကျေးကျေးဆက်ဆံနေစရာမလိုဘူးလို့.... သူတို့မျက်ခွက်ကိုပဲထိုးထိုး... လက်ကိုပဲချိုးပစ်ချိုးပစ် အသက်မသေရင်ပြီးရော ကြိုက်တာလုပ်နိုင်တယ်လို့.... "
ရှောင်လုံလဲ အသံကရေခဲတမျှအေးစက်နေလေသည် ။"... ဟုတ်ကဲ့... ဂိုဏ်းချုပ်.... ကျွန်တော်မျိုးအခုချက်ချင်း ထုတ်ပြန်လိုက်ပါ့မယ်.. "
ဖေးဟိုက ပြန်ဖြေလိုက်သည် ။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Phiêu lưuပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...