ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၈၆ .....
ရှီရှောင်ဖေး၏ မျက်နှာလေးကိုကြည့်နေရင် ငြင်းကခက်နေမှာစိုးလို့ ရှောင်လုံက တစ်ဖက်သို့လှည့်ကာ အပြတ်ငြင်းလိုက်သည် ။ သို့သော် အလှနတ်သမီးလေး ချစ်စဖွယ် စိတ်ဆိုးနေတာကိုကြည့်ရင်း ရှောင်လုံ ရင်ထဲမှာပဲ ကျိတ်ရယ်လိုက်သည် ။ ရှဲပူတိကိုလည်း သတိရသွားလေသည် ။
အင်း သူပြောတဲ့ အလှနတ်ဘုရားမလေး ပြောတာကို ငါငြင်းလိုက်တာကိုသာ ရှဲပူတိသိရင် အဲ့ကောင်တော့ရင်ထုမနာဖြစ်နေတော့မှာပဲ ......!အချိန်တွေက စမ်းရေတွေကဲ့သို့ တသွင်သွင်စီးဆင်းသွားပြီး မြင့်မြတ်သောဗုဒ္ဓနန်းတော်အတွင်း ရှောင်လုံ နေထိုင်ဖို့ ဆုံးဖြတ်ထားသော သုံးရက်ကလည်း အချင်အမြန် ပြည့်သွားသည်။
ရှောင်လုံက နန်းတော်အတွင်း နေထိုင်စဉ် သုံးရက်အတွင်း မနက်ပိုင်းတွင် ရှီဖန်ထျန်နှင့် သိုင်းပညာပိုင်းဆိုင်ရာတွေကို ဆွေးနွေးကြပြီး ညပိုင်းကြရင် အတွင်းအားလေ့ကျင့်ခန်း ပြုလုပ်လေသည် ။ရှောင်လုံက ကမ္ဘာဦးနတ်နဂါးရုပ်အလောင်းဆယ့်နှစ်ခု၏ ကိုယ်ဟန်အနေအထားကို အလွန်ပင် စိတ်ဝင်စားနေ၏ ။ ထိုနောက် ရှောင်လုံက ကောင်းကင်နဂါးဆေးလုံး ၊ ရေမီးနဂါးဆေးလုံးနှင့် ဗုဒ္ဓနဂါးဆေးလုံး နှင့် တခြားနတ်ဆေးလုံးတွေကိုမြိုချရင်း အတွင်းအားလေ့ကျင့်လိုက်သည်။
ရှေးဟောင်နတ်နဂါစသိုက်ထဲမှ ရှောင်လုံတွေ့ရှိခဲ့သော နတ်နဂါသဆေးလုံးအရေအတွက်ကလည်း မနဲလှပေ ။သူမိသားစု ၊ ကျောင်းရှု ၊ ကျန်းဖူ နှင့် တခြားလူတွေကို မျှဝေပြီးတာတောင်မှ သူထံတွင် အများကြီး ကျန်နေသေးသည် ။
ထိုအပြင် သူ့နဖူးတည့်တည်၌ နစ်မြုပ်နေသော နဂါးပုလဲ ဆီကနေ ထွက်ပေါ်နေသည့် နဂါသအဆီအနှစ်တွေကြောင့် ရှောင်လုံ ခွန်အားတွေက တစ်နေ့တခြား တိုးတက်နေလေသည်။
ရှောင်လုံ အတွင်းအားလေ့ကျင့်လိုက်တိုင်းမှာ သူ့နဖူးတည့်တည့်တွင် တောက်ပသော ရောင်ခြည်များဖြာထွက်လာလေ့ရှိသည်။
အချိန်သုံးရက်က ကုန်လွန်သွားပါသည် ။
မြင့်မြတ်သော ဗုဒ္ဓနန်းတော်၏ ဝင်ပေါက်တံခါးဝတွင် ရှီဖန်ထျန် ၊ လင်မန်ဖေး ၊ ရှီရှောင်ဖေး ၊ မင်းသားများ အပါအဝင် ရှောင်လုံတို့လူစုကို လိုက်ပိုသောလူများနှင့် စည်ကားနေ၏ ။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...