281 - 285

357 22 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၈၁ ..... သရဲအရိပ်ဂိုဏ်းချုပ်

ဝတ်စုံစိမ်းနှင့် အဖိုအို ဖန်အင်ချောင်က လီဖေးကိုလဲမြင်ရော မျက်နှာပျက်သွားလေသည်။ သူအနေနဲ့ ဂျိဒေါင်နှင့် လွေဒင်းတို့ကိုတော့ နှစ်ယောက်တယောက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည် ။ သို့သော်လည်း လီဖေး က သရဲအရိပ်ဂိုဏ်းချုပ်၏ တပည့်တွေထဲမှာ သိုင်းပညာအထက်မြက်ဆုံးတပည့်တယောက်ဖြစ်တာကြောင့် လီဖေးပါလာမယ်တိုရင်တော့ သူ့ရှုံးတော့မှာက အသေအချာပင်ဖြစ်သည်။

  ကျဉ်းထဲကြပ်ထဲရောက်နေသည့် ဖန်အင်ချောင် ဂျိဒေါင်နှင် လွေဒင်းတို့ကို ရုတ်တရက်တိုက်ခိုက်လိုက်သည် ။ လေထုက ဖောက်ထွင်းလာသည့် လက်သီးချက်က သဲသောင်ပြင်ကို ရိုက်ခတ်လိုက်သည့် လှိုင်းလုံးကြီးကဲ့သို့ အင်အားလှိုင်းတွေဖြာထွက်သွားလေသည်။ ဂျိဒေါင်နှင့် လွေဒင်းတို့က ခန္ဓာကိုယ်အားလှည့်ပတ်ရင်း အနောက်သို့ ခုန်ကာ ဖန်အင်ချောင်၏ လက်သီးကို ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည် ။

ဂျိဒေါင် နှင့် လွေဒင်းတို့က အနောက်ဘက်ကို ခုန်ပြီးဆုတ်သွားကြတာကြောင့် လမ်းတခုဖြစ်ပေါ်လာသည် ။ ဖန်အင်ချောင်က ထိုအခွင့်အရေးကိုအမိအရအသုံးချ၍ သူတို့နှစ်ယောက်ကြားထဲကနေ လျက်စီးလျက်သလို ထွက်ပြေးရန်ကြိုးစားလိုက်လေသည်။ ဖန်အင်ချောင်က မီတာတရာအကွာအဝေးသို့ ချက်ချင်းရောက်ရှိသွားပါသည် ။

ဂျိဒေါင်နှင့် လွေဒင်းတိုနှစ်ယောက်က ဖန်အင်ချောင်ထွက်ပြေးသွားမှာကို စိုးရိမ်နေတာကြောက့် လီဖေးကိုတောင် သေချာမနှုတ်ဆက်နိုင်ကြပေ ...။ သူတို့နှစ်ယောက်လုံးက ဖန်အင်ချောင်နောက်သို့လိုက်၍ ဖန်အင်ချောင်အားထွက်မပြေးနိုင်အောင် ကြိုးစားပြီးပိတ်ဆို့လိုက်ကြသည် ။

သို့သော်လည်း သူတို့ဖန်အင်ချောင်အနားသို့ မရောက်ခင်လေးမှာ လူရိပ်တခုက ဖနခအင်ချောင်ထွက်ပြေးမည့်လမ်းအား ပိတ်ဆို့ထားပြီး ဖြစ်နေသည်။ ထိုလူရိပ်က ဖန်အင်ချောင်ကိုပိတ်ဆို့၍ လက်သီးတချက်ထိုးလိုက်သည်။ ဖန်အင်ချောင်လဲ လျက်တပြက်လက်သီးချက်အား တိမ်းရှောင်နိုင်ခြင်းမရှိပဲ အနောက်ဘက်သို့ လွင့်ထွက်သွားသည်။ 

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now