ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၅၆ ......
"... ဟုတ်တယ် ... သူက အဆင့်၆ နေရာက ကောင်းကင်ရတနာပစ္စည်းပဲ ...."
ကြည်လင်သော အသံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ကောင်းကင်ရတနာတိုင်းလိုလိုမှာ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ အထူသဖြင့် အဆင့်တစ်ကနေ တစ်ဆယ်အတွင်း ကောင်းကင်ရတနာများက
ကမ္ဘာကြီးကိုတောင်တုန်လှုပ်သွားစေနိုင်သည့် ထူးခြားဆန်းကြယ်သော စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသည်။
အခု ရှောင်လုံက ကောင်းကင်ရတနာတစ်ခု၏ အမွေအနှစ်သိုင်းပညာရပ်ကို ထုတ်သုံးလိုက်သဖြင့် ပရိတ်သတ်တွေက စိတ်လှုပ်ရှားကာ အရောက်တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် ရှောင်လုံကို ဝိုင်းကြည့်လိုက်ကြသည်။
လီမိုလင်၏ မျက်နှာအမူအရာကို ကြည့်လိုက်မယ်ဆိုရင် သူမကိုယ်၌ကလဲ အရမ်းအံသြနေတာကို သိမြင်နိုင်သည်။ထိုအချိန်တွင် ရှောင်လုံထံမှာ လက်ညိုးသိုင်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ လေထဲတွင် ပျံသန်းလာသော လက်ညိုးရာကြီး၏ ပတ်ပတ်လည်တွင် မြူနှင်းငွေများက အုံဆိုင်းနေကြပြီး ထိုမြူနှင်းများကြားမှ အမျိုးအမည်မသိသော သတ္တဝါကြီးများ၏ စူးစူးရှရှ အော်မြည်သံတွေ ထွက်ပေါ်လျှက်ရှိသည်။ မြူနှင်းငွေ့များ ရစ်သိုင်းနေသော လက်ညိူးရာကြီးက လေဟာနယ်ကြီးကိုပါ ဖောက်ထွက်သွားသည်။
"... ပကတိစိတ်ဝိညာဉ်လက်ညိုးသိုင်း ...."
နောက်ထပ်လူတစ်ယောက်က အံသြကြက်သေသေသွားသောအမူအရာဖြင့် ရေရွတ်လိုက်သည်။
".. ပကတိစိတ်ဝိညာဉ်လက်ညိူးသိုင်း ....? သူက ကောင်းကင်ရတနာစာရင်းထဲမှာ အဆင့်၄ နေရာက ပကတိစိတ်ဝိညာဉ်ပုလဲရဲ့ အမွေအနှစ်သိုင်းကျမ်းတစ်ခု မဟုတ်လား....?"
လူအုပ်ကြီးက အံသြလွန်းလို့ ပါးစပ်မစေ့နိုင်အောင်ဖြစ်နေကြသည်။ လူတော်တော်များများ
ရှောင်လုံအား ထူးဆန်းသော မွန်းစတား သတ္တဝါတစ်ကောင်လိုမျိုး မျက်လုံးကြီးပြူးရင်း ကြည့်နေကြသည်။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...