ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၆၆ ..... နတ်ဘုရားဦးခေါင်းမှ စွမ်းအားများကို သန့်စင်စုပ်ယူခြင်း
လမင်းဆင်းသက်ခြင်းအဘိုးအို က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"အမှန်ပဲ... မဟာဆေးပညာရှင် ပြိုင်ပွဲတဲ့...ဒီပြိုင်ပွဲကို ကြယ်စင်စုလေးစုရဲ့ အဓိက အင်အားစုတွေက ကျင်းပကြတာ ...ကြယ်စင်စုလေးစု အတွက်ကတော့ နှစ်ပေါင်းသုံးထောင်ကြာမှ တစ်ကြိမ် ကျင်းပတဲ့ မဟာပြိုင်ပွဲပေါ့"
သို့သော် ရှောင်လုံက ခေါင်းယမ်းလိုက်သည်။
"မဟာဆေးပညာရှင် ပြိုင်ပွဲ ဆိုတဲ့ဟာကြီးကို ကျွန်တော် စိတ်မဝင်စားဘူး"
အမှန်အတိုင်း ပြောရလျှင် ရှောင်လုံက ဆေးဖော်စပ်မှုအပေါ် အလွန်ပင် စိတ်ဝင်စားမှု နည်းပါးသည်။ နောက်တစ်ကြိမ် ကျင်းပမည့် အဆင့်မြင့် နတ်ဘုရားအဆင့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် သူ့ခွန်အားကို တိုးမြှင့်ခြင်းသည်သာ လက်ရှိ
အခြေအနေမှာ ရှောင်လုံအတွက် အရေးအကြီးဆုံးကိစ္စ ဖြစ်နေသည်။
အဆင့်မြင့်နတ်ဘုရား သိုင်းပြိုင်ပွဲ တွင် ပထမအဆင့် ရရှိခြင်းသည်သာ ရှောင်လုံ၏ ပန်းတိုင် ဖြစ်သည်။ရှောင်လုံက သူ့စိတ်မဝင်စားကြောင်း တန်းပြောလာလိမ့်မည်ဟု လမင်းဆင်းသက်ခြင်းအဘိုးအို ထင်မထားခဲ့မိပေ။ အဘိုးအိုသည် ခဏမျှ ကြောင်သွားပြီး ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ?.... မင်းသိသမျှက ချီးတွေချည်းပဲ!....မင်းက စိတ်မဝင်စားဘူးဆိုတာ ဘာကို ဆိုလိုတာလဲ?....ပထမအဆင့်ကနေ အနိုင်ရဖို့ကို အသာထား...မဟာဆေးပညာရှင် ပြိုင်ပွဲ မှာ ပါဝင်ခွင့်ရရင်ကို ဘဝသက်တမ်းတစ်လျှောက်လုံးအတွက် ဂုဏ်ယူဖို့ ထိုက်တန်နေပြီကွ ......ဒါက မဟာဆေးပညာရှင် တစ်ယောက် အတွက် ဂုဏ်အရှိဆုံး အခိုက်အတန့်ပဲကွ! မင်း နားလည်လား? မင်း ငါပြောတာကို နားလည်လားလို့?...."
လမင်းဆင်းသက်ခြင်းအဘိုးအို က ရှောင်လုံကို မည်သည့်အခါမှ စတီးချောင်း ဖြစ်မလာနိုင်သည့် ပုံမကျပန်းမကျ သံချောင်း တစ်ခုနှယ် ရှုသိုးသိုး စိုက်ကြည့်နေသည်။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Adventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...