ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၃၁၁ .....
အကယ်၍ သူတွေ့ဆုံမယ့်သူက ယောင်ဖေးဆိုရင်တော့ ရှောင်လုံက ယောင်ဖေးကို ပုရွက်ဆိတ်တကောင်ကဲ့သို့ လက်တဖက်ထဲတောင် ညစ်ချေနိုင်သည်ဟု ယုံကြည်နေသည် ။
ရှောင်လုံက နတ်တောင်ရွှမ်းမီထဲကနေ အပြင်ကမ္ဘာသို့ထွက်တော့မည်အချိန်တွင် အမည်မသိသစ်ပင်ကြီးပေါ်တွင် အနီရောင်သစ်သီးများစွာ သီးနေတာကို အံသြစဖွယ်မြင်တွေ့လိုက်ရလေသည်။ အမည်မသိ သစ်ပင်ကြီး၏ ပင်စည်က ပို၍ ကြီးမားလာကာ သစ်ကိုင်းပိုထူလာပြီး သစ်ရွက်တွေပိုမို သိပ်သည်းစွာပေါက်လာကိုလဲ ရှောင်လုံ သတိပြုမိလိုက်သည် ။ရှောင်လုံက အမည်မသိသစ်ပင်ကြီးအား မျက်လုံးလေးအပြူးသားဖြင့် အံသြစွာ ငေးကြည့်နေလေသည်။ လွန်ခဲ့သောလတွေတုံးက ရှောင်လုံက ထိုအမည်မသိသစ်ပင်ကြီး ပို၍ကြီးမားသန်စွမ်းလာအောင် နည်းမျိုးစုံအသုံးပြု၍ စမ်းသပ်ခဲ့သည်။ သို့သော် အမည်မသိသစ်ပင်ကြီးက အခုကဲ့သို့ သစ်သီးတွေသီးလာဖို့ ဝေးဖွ တစ်စင်တီမီတာလေးတောင်မှ ကြီးလာခြင်းမရှိချေ... ။
အခုတော့ သူအလိုလို ရှည်ပြီးကြီးလာရုံမက အသီးတွေပါ သီးလာခြင်းကြောင့် ရှောင်လုံ အံသြဘနန်းဖြစ်သွားရခြင်းပင်တစ်လုံး ....နှစ်လုံး.....သုံးလုံး.........!
ရှောင်လုံရေတွက်ကြည့်လိုက်သောအခါ အမည်မသိသစ်ပင်ကြီးပေါ်တွင် သစ်သီး နှစ်ဆယ့်ခြောက်လုံးရှိနေတာကိုမြင်လိုက်ရသည် ။ သစ်သီးနှစ်ဆယ့်ခြောက်လုံးဆိုတာက ထိုအမည်မသိသစ်ပင်ကြီးအား ရှောင်လုံ ကျားကွဲတောင်ကြားအောက်တွင် စတင်တွေ့ရှိချိန်က သီးနေသောအသီးအရေအတွက်ထက်ကိုပင် ပိုမိုများပြားနေသည် ။အမည်မသိ သစ်ပင်ကြီး မည်သို့မည်ပုံ ကြီးမားလာသည်ကို ရှောင်လုံက စဉ်စားကြည့်လိုက်သည် ။ ထိုနောက် ရှောင်လုံက လေထုထဲတွင် သိပ်သည်းစွာရောနှောလျက်ရှိနေသော နဂါးအဆီအနှစ်တွေကို သတိပြုမိလိုက်သည်။ ထိုကြောင့် အမည်မသိသစ်ပင်ကြီး ကြီးထွားလာရသည့် အကြောင်းအရင်က နဂါးအဆီအနှစ်တွေကြောင့်လို့ ရှောင်လုံက အကြမ်းမျင်းကောက်ချက်ချလိုက်သည်။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Pertualanganပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...