ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၆၆
ချိုင်မင်ကလဲ အခြေအနေအရပ်ရပ်ကိုခြုံငုံသုံးသပ်မိသွားကာ မျက်နှာပျက်သွားတော့သည်။
တခနလောက် ယောင်ပေပေဖြစ်ပြီးတော့မှ ဂျန်ထျန်ဟွမ်က သူ့ကိုယ်သူပြန်ပြီး တည်ငြိမ်အောင် ထိန်းလိုက်၏။ ထိုနောက် ရှောင်လုံကိုပြုံးရွှင်နေသောမျက်နှာထားဖြင့် ဖော်ဖော်ရွေရွေပြုံးပြလိုက်ပြီး
"... အော်လက်စသတ်တော့ ....ငါ့တူက ကောင်းကင်ဘီလူးဂိုဏ်းကို ထိန်းချုပ်ထားတဲ့သူပဲ .... ဦးတိုအြခုလာရတဲ့ ရယ်ရွယ်ချက်ကလဲ ငါ့တူ ကောင်းကင်ဘီလူးဂိုဏ်းနဲ့ မိတ်ဖွဲ့ပြီး ဘီလူးကိုးကောင်ဂိုဏ်း ဗိုလ်ကျနေတာကို ပူးပေါင်းတော်လှန်မလို့ပါ ...."
"... ကျုပ်တို့ဂိုဏ်းနဲ့ ပူးပေါင်းပြီး ဘီလူးကိုးကောင်ဂိုဏ်းကို တော်လှန်မလို့ ဟူတ်လား ..."
ရှောင်လုံက အေးစက်စက်မျက်နှာထားဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည် ။ ရှောင်လုံရဲ့ အေးစက်တည်ငြိမ်နေသော မျက်နှာထားကြောင့် ရှောင်လုံဘာတွေးနေသလဲဆိုတာကို သိနိုင်ရန်မလွယ်ကူပေ ...။
".... ဟုတ်ပါတယ် ငါ့တူရယ် ... ငါတူလဲသိမယ်ထင်ပါတယ် ....ဘီလူးကိုးကောင်ဂိုဏ်းက ဦးတို့ သွေးမျိုကျောင်းကို ဖျက်ဆီးပစ်ပြီးပြီဆိုရင် သူတို့ရဲ့နောက်ထပ်ပစ်မှတ်က ငါ့တူတိုဖြစ်လာမှာပဲ ..."
ဂျန်ထျန်ဟွမ်က အားပါးတရရှင်းပြလိုက်သည်။
ဂျန်ထျန်ဟွမ်ကို ကြည့်ရင်း ရှောင်လုံက ခပ်ဖွဖွရယ်လိုက်၏ ။
သူရှင်းပြနေတာကို ရှောင်လုံက မထီလေးစားရယ်မောလိုက်တာမြင်တော့ ဂျန်ထျန်ဟွမ်က မျက်မှောင်ကြုတ်သွားပြီး
"...ငါ ပြောနေတဲ့ထဲမှာ ဘာများရယ်စရာပါနေလို့လဲကွ ....?"
ရှောင်လုံက ဂျန်ထျန်ဟွမ်ကို မျက်လုံးချင်းဆုံလိုက်လိုက်ကာ
"... ကျုပ်က ဘီလူးကိုးကောင်ဂိုဏ်းကို ချေမှုန်းနိုင်စွမ်းမရှိဘူးလို့
ခင်ဗျားကဘာကြည့်ပြီးပြောနေတာလဲ ...?"ရှောင်လုံစကားက ဂျန်ထျန်ဟွမ်ကို မှင်သက်သွားစေသည်။
"... မင်းက ...? ကောင်းကင်ဘီလူးဂိုဏ်းကိုညချေမှုန်မယ် ဟုတ်လား ....?"
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...