ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်
အပိုင်း ၉၅၆ ..... ငရဲပင်လယ်
ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေး ဂိုယွမ်က ရှောင်လုံ ကို အာရုံပြန်စိုက်လိုက်သည်။
"ကောင်စုတ်လေး...မင်းရဲ့ နောက်ဆုံးစကားက ဘာလဲ...ဒီနေ့ ဒီဘိုးဘေးက စိတ်အခြေအနေကောင်းနေတယ်...ငါက မင်းကို နောက်ဆုံးစကားပြောဖို့ အခွင့်အရေး ပေးလိုက်မယ်"
သို့သော် ရှောင်လုံက သု့၏ ခေါင်းကိုသာ တိတ်တဆိတ် ခါယမ်းလိုက်ကာ သူ့၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ နောက်ခဏတွင် ထိုဘိုးဘေး၏ ကောင်းမွန်သော စိတ်အခြေအနေ သည် ပျောက်ကွယ်သွားပြီး ခန်းမဆောင်ကို ဖြတ်သန်း လွင့်စင်သွားသည်။ ထို့နောက် ကျောက်တုံး တိုင်လုံးကြီး တစ်ခုနှင့် ဝင်ဆောင့်မိသွားသည်။
ရှောင်လုံက သူ့၏ လက်ဝါးရိုက်ချက်ထဲရှိခွန်အားကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ထားလေသည်။ ထို့ကြောင့် ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ဘိုးဘေးသည် လက်ဝါးတစ်ချက်ထဲဖြင့် သေဆုံးမသွားဘဲ သူ့၏ အရိုးများနှင့် ကိုယ်တွင်း အစိတ်အပိုင်းများသာ အက်ကွဲသွားလေသည်။
ဝိညာဉ်နတ်ဆိုးဂိုဏ်းဘိုးဘေးက ရတနာသိုက်ထဲရှိ ပစ္စည်းဆယ်ခုကို ပေးမည်ဟု ကတိပေးခဲ့သောကြောင့် အပျော်လွန်နေကြသော ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်းနှင့် ကျိုးယုချန်တို့သည် သူတို့ရှေ့ရှိ ရုတ်တရက် ပြောင်းလဲသွားမှုကို ကြည့်ရင်း ကြောင်အသွားကြသည်။
ခန်းမတစ်ခုလုံးသည် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အသက်ရှုကြိမ် အနည်းငယ်မျှ ကြာပြီးနောက် ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်း နှင့် အကြီးအကဲ ကျိုးယုချန်သည် တုန်လှုပ်မှုကို ထိန်းချုပ်နိုင်သွားပြီး ဘာဖြစ်နေသည်ကို နားလည်သွားသည်။
သူတို့၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး သူတို့၏ ခန္ဓာကိုယ်များသည်လည်း ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။ သူတို့၏ စိတ်ထဲ၌ အကြောက်တရားသည် တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့လာသည်။

YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...