696 - 700

267 11 2
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၉၆ ..... ဆရာတူအစ်ကိုကြီး ဟောင်

လမင်းဆင်းသက်ခြင်းအဘိုးအိုက လင်းပင်းဟိုင်ကို တပည့်အဖြစ် လက်မခံသော်ငြား လင်းပင်းဟိုင်၏ စိတ်ထဲ၌မူ လမင်းဆင်းသက်ခြင်းအဘိုးအိုသည် သူ့၏ ဆရာပင် ဖြစ်သည်။ လမင်းဆင်းသက်ခြင်းအဘိုးအို၏ ညွှန်ကြားပြသမှုသာ မရှိပါက ယနေ့ သူရရှိထားသည့် ဆေးဖော်စပ်ခြင်းစွမ်းရည်မျိုးကို သူ ဘယ်တော့မှ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ဘဲ အဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်လိမ့်မည် မဟုတ်သည်လည်း အသေအချာပင် ဖြစ်သည်။
လူတိုင်း တုန်လှုပ်ကာ မယုံကြည်နိုင်ဖြစ်နေကြချိန်တွင် နောက်ထပ်လူတစ်စုသည် ခန်းမထဲသို့ ဝင်ရောက်လာသည်။
ကျယ်လောင်သည့် ဆူညံသံက ကျားလန်နှင့်အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။ သူတို့ခေါင်းကို လှည့်ကြည့်လိုက်ရာတွင် ဖြူဖျော့နေသည့် သူတို့၏ မျက်နှာများသည် ပို၍ပင် ဖြူဖျော့သွားကြသည်။
အသစ်ရောက်ရှိလာသည့်သူများသည် အခြားမဟုတ် ၊ မဟာဆေးပညာရှင်အဖွဲ့အစည်း၏ ခေါင်းဆောင် ချန်းယဲ့နှင့် သူ့၏ အကြီးအကဲများပင် ဖြစ်သည်။
ချန်းယဲ့နှင့် အကြီးအကဲများသည် ရက်စက်ကြမ်းတမ်းသည့် မျက်နှာများဖြင့် ခန်းမထဲသို့ ဝင်လာခြင်း ဖြစ်သည်။ သို့သော် သူတို့ ခန်းမထဲသို့ ရောက်လာသည်နှင့် ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသည့် လင်းပင်းဟိုင်ကို မြင်လိုက်ချိန်တွင်တော့ သူတို့အားလုံး ကြောင်အသွားကြလေသည်။ နောက်ဆုံးတွင် သူတို့ လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်နှာကို မြင်သွားချိန်၌ တစ်ယောက်ချင်းစီတိုင်းက စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားကြသည်။
လင်းပင်းဟိုင် လုပ်သကဲ့သို့ပင် ချန်းယဲ့သည်လည်း လမင်းဆင်းသက်ခြင်းအဘိုးအို ရှေ့သို့ အလျှင်အမြန် ဒူးထောက်လိုက်ကာ လေးစားမှုအပြည့်နှင့် ဂါရဝပြုလိုက်သည်။
"ဆရာ!"
ဆရာပဲလား!!!
ခန်းမထဲရှိ လူတိုင်း သူတို့ခေါင်းကို မိုးကြိုးပစ်သွားသည့်နှယ် ခံစားလိုက်ရပြီး အထူးသဖြင့် ကျားလန် ဖြစ်သည်။
ထိုအချိန်၌ ကျန်ရှိနေသည့် အကြီးအကဲများသည်လည်း လမင်းဆင်းသက်ခြင်းအဘိုးအိုရှေ့သို့ အလျှင်စလို ရောက်လာကြကာ သူတို့၏ ဒူးများကို ထောက်၍ လေးစားစွာ ဂါရဝပြုလိုက်ကြသည်။
"မဟာအကြီးအကဲ လမင်းဆင်းသက်ခြင်း ကို ဂါရဝပြုပါတယ်!"
မဟာအကြီးအကဲ!
ဤအဘိုးကြီးသည် မဟာဆေးပညာရှင်အဖွဲ့အစည်း၏ ဒဏ္ဍာရီလာ မဟာအကြီးအကဲ သုံးယောက်ထဲမှ တစ်ယောက် ဖြစ်နေသည်တဲ့လား?ထို့အပြင် သူက မဟာအကြီးအကဲများ၏ ခေါင်းဆောင် မဟာအကြီးအကဲ လမင်းဆင်းသက်ခြင်း ပင် ဖြစ်နေသေးသည်။
နောက်တစ်ကြိမ် တုန်လှုပ်မှု လှိုင်းလုံးကြီးက ကျားလန်နှင့်အခြားသူများ၏ စိတ်နှလုံးကို ရိုက်ခတ်သွားပြန်သည်။
အပြင်ဘက်ရှိ လမ်းတွင် လင်းယန်ဟန်က သတိပြန်လည်လာကာ အုတ်ခဲကျိုးပုံထဲမှ ကုန်းရုန်းထလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက တိရစ္ဆာန်တစ်ကောင်ကဲသို့ ဟိန်းဟောက်လိုက်သည်။
"သောက်အဘိုးကြီး...ကျုပ် ခင်ဗျားကို သေစေချင်တယ်...သေစမ်း..."
လင်းယန်ဟန် အုတ်ခဲကျိုးပုံထဲမှ တက်လာခါစဖြစ်သည်မို့ သူ့စိတ်က အနည်းငယ် ရှုပ်ထွေးနေပေသည်။ ထို့ကြောင့် သူက ခန်းမထဲ၌ ဖြစ်နေသည့်ကိစ္စကို သတိမမူမိပေ။ သူ ဟိန်းဟောက်ပြီးနောက်မှသာ ခန်းမထဲသို့ ကြည့်လိုက်မိသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုကို ဒူးထောက် ဂါရဝပြုနေကြသည့် မဟာဆေးပညာရှင်အဖွဲ့အစည်း၏ အကြီးအကဲများအား မြင်လိုက်ချိန်၌ လင်းယန်ဟန် တုန်လှုပ်သွားလေသည်။ ထိုအချိန်၌ပင် သူ့အရှေ့ရှိ မြင်ကွင်းကို နားမလည်နိုင် ဖြစ်နေသေးသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို၏ အေးစက်စက် အကြည့်က သူ့ရှေ့တွင် ဒူးထောက်နေသည့် လင်းပင်းဟိုင် အပေါ်သို့ ရောက်သွားသည်။
"ဒါက မင်းမွေးထားတဲ့ သားလိမ္မာလေးပေါ့လေ!"
လင်းပင်းဟိုင် သူ့နောက်ကျောဆီမှ ချွေးအေးများ ထွက်လာသည့်နှယ် ခံစားလိုက်ရပြီး အသည်းအသန် ကြောက်လန့်တကြား ပြောလိုက်မိသည်။
"ဆရာ...ဟန်အာက ဆရာ့ရဲ့ နာမည်အရင်းကို မသိလို့ပါ...ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါဗျာ!"
သူက သူ့သား၏ အသက်ကို ချမ်းသာပေးရန် ထပ်တလဲလဲ တောင်းပန်လေတော့သည်။
ချန်းယဲ့နှင့်အကြီးအကဲများသည် စကားတစ်ခွန်းမှ မထွက်ရဲကြပေ။
ဆရာတဲ့လား?!သူတောင်းစားအဘိုးအိုကို ဆရာဟုခေါ်ကာ ကြမ်းပြင်ထိ ခေါင်းညွတ်ထားသည့် သူ့အဖေအား လင်းယန်ဟန် မှင်သက်စွာ ကြည့်လိုက်မိသည်။ သူ့ အသိအာရုံတို့သည် တုန်လှုပ်ခြောက်ခြားသွားရပြီး ကြောက်လန့်မှုသည် သူ့မျက်လုံးထဲ၌ ယှက်သန်းလာကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားလေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို က လင်းပင်းဟိုင်ကို အေးစက်စက် ပြောလိုက်သည်။
"မင်းကိုသာ ငါ့ရဲ့ တပည့်တစ်ပိုင်းအဖြစ် မသတ်မှတ်ထားရင် သူ အခုချိန်ထိ အသက်ရှင်နေလိမ့်မယ်လို့ မင်းထင်လား?သူက သေဒဏ်ကနေ လွတ်မြောက်သွားပေမယ့် အပြစ်ပေးခံရလိမ့်မယ်...ဘာလုပ်ရမယ်ဆိုတာ မင်း သိပါတယ်"
လင်းပင်းဟိုင်က ဆက်လက် ဂါရဝပြုနေကာ သူ ဘာလုပ်ရမည်ကို နားလည်ပါကြောင်း၊ ညှာတာပေးမှုအတွက် လမင်းဆင်းသက်ခြင်းအဘိုးအိုကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောနေလေသည်။ ထို့နောက် လင်းယန်ဟန်ကို ဖမ်းဆီးပြီး မဟာဆေးပညာရှင်အဖွဲ့အစည်း၏ အကျဉ်းထောင်ထဲသို့ ပိတ်လှောင်ထားရန် သူကိုယ်တိုင် အမိန့်ပေးလိုက်သည်။ နောက်ပိုင်းတွင် လင်းယန်ဟန်က  အကြီးအကဲများကို ဆန့်ကျင်သည့် ပြစ်မှုဖြင့် အပြစ်ပေးခံရမည် ဖြစ်သည်။
ထို့နောက်မှသာ လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်နှာက စပ်ဖြီးဖြီးမျက်နှာ ပြန်ဖြစ်သွားပြီး လင်းပင်းဟိုင်နှင့် ချန်းယဲ့တို့ကို ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့အားလုံး ထလို့ရပြီ"
သူက အတွင်းထဲတွင် ဒေါသထွက်နေသေးသော်လည်း လင်းပင်းဟိုင်နှင့် ချန်းယဲ့တို့၏ အဆင့်အတန်းသည် အရင်ကနှင့် မတူတော့ပေ။ သူတို့ကို မဟာဆေးပညာရှင်အဖွဲ့အစည်း၏ ခန်းမထဲ၌ အချိန်ကြာကြာ ဒူးထောက်ခိုင်းခြင်းသည် မသင့်လျော်ပေ။
လင်းပင်းဟိုင်၊ ချန်းယဲ့နှင့် အကြီးအကဲများသည် လေးစားမှုအပြည့်နှင့် နားလည်ကြောင်းပြလိုက်ကာ မတ်တပ်ရပ်လိုက်ကြသည်။
လမင်းဆင်းသက်ခြင်းအဘိုးအိုက ရှောင်လုံကို လက်ညှိုးထိုးပြကာ ဒဲ့တိုးပြောလိုက်လေသည်။
"သူက ငါ့တပည့်ရင်း ဟောင်ရှောင်လုံ ပဲ...မင်းတို့အားလုံး ဒီကိုလာပြီး သူ့ကို ဆရာတူအစ်ကိုကြီး ဟောင်လို့ နှုတ်ဆက်လိုက်ကြ!"
တပည့်ရင်း!
မဟာဆေးပညာရှင်အဖွဲ့အစည်း၏အကြီးအကဲများ၏ မျက်နှာထက်၌ တုန်လှုပ်မှုများ အတိုင်းသား ပေါ်လာလေသည်။ လမင်းဆင်းသက်ခြင်းအဘိုးအို၏ တပည့်ရင်း လက်ခံရန် လိုအပ်ချက်များသည် အလွန်တရာ မြင့်မား လှကြောင်း သူတို့အားလုံး သိထားကြပေသည်။ ထို့ကြောင့်ပင် သူတို့အားလုံး၏ အရည်အချင်းဖြင့် လမင်းဆင်းသက်ခြင်းအဘိုးအို၏ တပည့်တစ်ပိုင်း အဖြစ်သာ သတ်မှတ်နိုင်သည်။
သူတို့ရှေ့မှောက်ရှိ လူငယ်သည်ကား အမှန်တကယ်ကိုပင်...!
အလွန်တရာ ထိတ်လန့်သွားစေကာမူ လမင်းဆင်းသက်ခြင်းအဘိုးအို၏ စကားအား မည်သူမှ  လေတိုက်သွားသည့်နှယ် မမှတ်ယူရဲကြပေ။ အလျှင်အမြန်ပင် ရှောင်လုံအား 'ဆရာတူအစ်ကိုကြီး ဟောင်'ဟု နှုတ်ဆက်လိုက်ကြသည်။
တစ်ယောက်ချင်းစီတိုင်းက ဟန်ဆောင်မှုကင်းမဲ့နေပြီး ရိုးသားမှုအပြည့် ရှိကြသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို၏ တပည့်မဟုတ်သည့် အကြီးအကဲများသည်လည်း ရှောင်လုံကို အလျှင်စလို နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်တွင် ကြည်သာသည့် အပြုံးကို ဆင်မြန်းထားပြီး လေးစားရိုသေသည့် အငွေ့အသက်များပင် ယှက်သန်းနေကြသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို ရှောင်လုံကို တပည့်ရင်းအဖြစ် လက်ခံခဲ့သည့် နှစ်က ရွှေရောင်နဂါးတောင်ထွတ်၌သာ အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ အကြီးအကဲများကို သက်သေထား၍ ရိုးရှင်းသည့် အခမ်းအနားကို ကျင်းပခဲ့သည်။ ထို့ကြောင့် ဤကိစ္စသည် မပျံ့နှံ့သွားခဲ့ပေ။ ချန်းယဲ့၊ လင်းပင်းဟိုင် နှင့် အခြား ဆေးပညာရှင်အကြီးအကဲများသည် အပြင်သို့ ထွက်ခဲကြကာ သူတို့၏ ဆေးဖော်စပ်ခြင်း၌သာ နေ့ရက်များကို ကုန်ဆုံးနေတတ်ကြသည်။ ထို့ကြောင့် လမင်းဆင်းသက်ခြင်းအဘိုးအို တပည့်ရင်း ရပြီးသွားကြောင်းကို သူတို့ထဲရှိ မည်သူကမှ မသိခဲ့ပေ။
သဘာဝကျကျ ပြောရလျှင် သူတို့က ရှောင်လုံ၏ အခြားအဆင့်အတန်း ဖြစ်သည့် အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီး၏ တပည့် ဆိုသည့် ဂုဏ်ပုဒ်ကိုလည်း မသိကြပေ။
သို့သော်လည်း အဖွဲ့အစည်းခေါင်းဆောင်၏ ဆရာတူအစ်ကိုကြီး ဟောင်ဟု ခေါ်သံကို ကြားလိုက်ရသည့်အချိန်တွင်တော့ ရှောင်လုံ မည်သို့ ပြုမူရမည်မသိ ဖြစ်သွားသည်။
ဘာလုပ်ရမည်မသိ ဖြစ်နေသည့် ရှောင်လုံကို ဘေးမှ ကြည့်နေရင်း လမင်းဆင်းသက်ခြင်းအဘိုးအို သည် ပြီးမြောက်အောင်မြင်သွားသည့် ခံစားချက်ကို ခံစားလိုက်မိပြီး ပျော်ရွှင်သွားလေသည်။
အဆုံး၌ ရှောင်လုံက သူ့၏ ဆေးပညာရှင် အကဲဖြတ်ပွဲ ကို အောင်မြင်သွားသည်။ သို့သော်လည်း ရှောင်လုံက ဆေးမီးဖို မပါဘဲ ဆေးသန့်စင်သည့်အပြင် စကြာဝဠာအဆင့် သဏ္ဍာန်မဲ့ကြယ်စင် ဆေးလုံးများကို သာမန်ဆေးအမယ်များအား သုံး၍ သန့်စင်ခဲ့ကြောင်းအား ကျားလန် ဆီမှ သူတို့ ကြားလိုက်ရချိန်မှာတော့ အံ့သြမှင်သက်သွားလေသည်။ ထိုကိစ္စကို ဆွေးနွေးပြီးနောက် သူတို့က ရှောင်လုံကို အကြီးအကဲရာထူး ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
အမှန်မှာမူ အဆင့်မြင့် မဟာဆေးပညာရှင် အဆင့်သို့ ရောက်နေပြီး အကဲဖြတ်ပွဲကို အောင်မြင်မှသာ သူတို့က အကြီးအကဲရာထူးသို့ တိုးပေးကြခြင်း ဖြစ်သည်။ နောက်ထပ် အကဲဖြတ်ပွဲများစွာမှ လွတ်ငြိမ်းခွင့်ပေးပြီး ရှောင်လုံကို ရာထူးတိုးပေးလိုက်သည့် အကြောင်းရင်းများတွင် လမင်းဆင်းသက်ခြင်းအဘိုးအိုသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ သူတို့၏ ဆုံးဖြတ်ချက်ကို လမင်းဆင်းသက်ခြင်းအဘိုးအို က ဘာတစ်ခုမှ ဝင်မပြောပေ။ အမှန်တကယ်တော့ ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း အစွမ်းက အကြီးအကဲ ဖြစ်လာရန် ထက်ပင် ပိုမို အရည်အချင်း ပြည့်မီနေသေးသည်။
သံသယရှိစရာမလိုအောင်ပင် ရှောင်လုံသည် ဆေးပညာရှင် အဆင့်မှ အကြီးအကဲ အဆင့်သို့ ချက်ချင်း ခုန်ပျံရောက်ရှိသွားသည့် ပထမဆုံးသူ ဖြစ်သည်။
ကိစ္စအားလုံး အပြီး၌ ချန်းယဲ့က လမင်းဆင်းသက်ခြင်းအဘိုးအို ၊ ရှောင်လုံနှင့် ရှောင်ဖေးတို့အား သူ့အိမ်တော်၌ လာရောက်အနားယူရန် တလေးတစား ဖိတ်ခေါ်လိုက်သည်။ လမင်းဆင်းသက်ခြင်းအဘိုးအို သဘောတူလိုက်သည်ကို ကြားလိုက်သည်နှင့် အဖွဲ့အစည်းခေါင်းဆောင်သည် အရူးအမူးဝမ်းသာသွားကြောင်း သူ့စကားများနှင့် အပြုအမူများက သက်သေပြနေလေသည်။
ရှောင်လုံနှင့် အခြားသူများသည် ချန်းယဲ့၏ အိမ်တော်ဆီသို့ ဦးတည်လိုက်ကြပြီး ရှောင်လုံ၏ ဆေးပညာ အကဲဖြတ်ပွဲ သတင်းသည်လည်း သိုင်းေ လာကတွင် ပျံ့နှံ့သွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now