ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၅၁ .....
သူ့စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပြီးနောက် ရှောင်လုံက ဒုတိယ စူပရင်း ရုပ်သေးရုပ်ကြီးရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။ ထိုနောက် စိတ်ဝိညာဉ်အမှတ်အသားခပ်နှိတ်သည့် လုပ်ငန်းစဉ်ကိုစတင်တော့သည်။ ဒုတိယ စူပရင်း ရုပ်သေးရုပ်ကြီးက အမအရုပ်ဖြစ်ဟန်တူသည် ။ အမအရုပ်ဖြစ်ပေမယ့် သူ့ရဲ့ပုံပန်းသွင်ပြင်ကတော့ ပထမ ရုပ်သေးရုပ်ကြီးကဲ့သို့ ကြီးမားလှသည် ။
အမျိုးသမီးရုပ်သေးရုပ်ကြီးဆီကနေလဲ ပြင်းထန်သောဆွဲငင်းအားတခုထပ်မံထွက်ပေါ်လာလေသည်။ ဒီတကြိမ်မှာတော့ ရှောင်လုံကတခါကြုံတွေ့ဘူးသောအတွေ့အကြုံကြောင့်မို့ သိပ်ပြီးထိတ်လန့်ခြင်းမရှိတော့ပေ ...။
တခနတာလောက်ကြာသောအခါ ရှောင်လုံ၏ စိတ်ဝိညာဉ်စွမ်းအားတွေကိုစုပ်ယူနေသော ဆွဲငင်အားက တဖြည်းဖြည်းနှင့် အားပျော့ကာပျောက်ကွယ်သွားသည်။ သို့ပေမယ့် အမျိုးသမီရုပ်သေးရုပ်ကြီး ရှောင်လုံအသိညဏ်ပင်လယ်ထဲမှစုပ်ယူလိုက်သော စိတ်ဝိညာဉ်စွမ်းအားတွေက ပထမအရုပ်ထက်ပိုမိုများပြားလေသည်။
သူကြုံတွေ့ခဲ့သော အတွေ့အကြုံနှစ်ခုကို အခြေခံ၍ ရှောင်လုံက ကောက်ချက်တခုဆွဲနိုင်လိုက်သည်။ ရှောင်လုံ၏ အခုလက်ရှိ စိတ်ဝိညာဉ်စွမ်းအားတွေက ဧရာမရုပ်သေးရုပ်ကြီးလေးရုပ်ကိုသာထိန်းချုပ်စေခိုင်းနိုင်စွမ်းရှိသည်။ ပဉ္စမမြောက်အရုပ်ကိုထိန်းချုပ်ဖို့အတွက်တော့ အခုချိန် ရှောင်လုံဆီရှိသော စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့လုံလောက်မှုမရှိသေးပေ ..။
ဒုတိယမြောက်ရုပ်သေးရုပ်ကြီးကို ထိန်းချုပ်ပြီးနောက် ရှောင်လုံကအရင်တခေါက်ကလိုပဲ သူ့အသိညဏ်ပင်လယ်ထဲကကုန်ဆုံးသွားသော စိတ်ဝိညာဉ်တွေကို ပြန်လည်ဖြည့်တင်းလိုက်သည်။ ထိုနောက်ညတတိမြောက်အရုပ်ကို စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်ဖို့ကြိုးပမ်းလိုက်သည် ။ တတိမြောက်အရုပ်ပြီးနောက် စတုတ္ထအရုပ်ကို ထပ်မံထိန်းချုပ်လိုက်သည်။ စတုတ္ထမြေညက်အရုပ်ကိုထိန်းချုပ်ပြီးသည့်နှင့် ရှောင်လုံက တခြားအရုပ်တွေကို ထိန်းချုပ်ဖို့မကြိုးစားတော့ပဲ ရပ်တန့်လိုက်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Pertualanganပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...