511 - 515

274 17 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၁၁ ....

ရှောင်လုံ နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်နေစဉ် တောင်ကြားအောက်ခြေမှ မာန်သွင်းအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"... ယန်ကိုးမျိုး လက်ဝါးသိုင်း ..."

ထိုအသံအဆုံးတွင် တစ္ဆေများကို ဆုတ်ဖြဲ၍ ဖြတ်သန့းလာသော ကြီးမားသော မီးလက်ဝါးကြီးတစ်ခုက ရှောင်လုံဆီသို့ တဟုန်ထိုး ပျံသန်းလာသည်။

မီးလက်ဝါးပေါ်မှ ပိရမစ်ပုံသဏ္ဍာန် စူးစူးဝါးဝါး  တောက်ပသည့် အလင်းတန်းကိုးခု ထွက်ပေါ်နေသည်။ ထိုအလင်းတန်းများက ကြည့်မိလိုက်သူတိုင်း၏ မျက်လုံးအိမ်ကို စူးရှနာကျင်သွားစေသည်။

ကမ္ဘာကြီးတစ်ခုလုံးကို မီးမြိုက်တော့မတတ် ပူပြင်းလောင်ကျွမ်းနေသည့် မီးလက်ဝါးကြီးက ရှောင်လုံဆီသို့ လျင်မြန်စွာရောက်ရှိလာသည်။ ရှောင်လုံအနားမှ သိုင်းပညာရှင်များစိတ်ထဲမှာ မီးပင်လယ်ထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ကြရပြီး တုန်လှုပ်ခြောက်ခြားကုန်သည်။

"....သားရဲနတ်ဘုရား အရှင် ...သတိထားပါ . ....."

အောင်းကွမ်က စိုးရိမ်တကြီးအော်ပြောလိုက်သည်။

"....နတ်နဂါး ကောင်းကင်ကို ဆန်တက်ခြင်း ..."

ရှောင်လုံက နတ်နဂါးသိုင်းကွက် ဆယ့်ငါးကွက်ထဲမှ ကိုးကွက်မြောက်သိုင်းကွက်အား တည်တည်ငြိမ်ငြိမ်ဖြင့် ထုတ်သုံးလိုက်သည်။ ရှောင်လုံကိုယ်ထဲမှ အတွင်းအားများက သူ့နောက်တွင် ရှိနေသည့် လက်တစ်ထောင်ဆီသို့ အလျင်အမြန် စီးဆင်သွားကြသည် ။ ထိုနောက် ရှောင်လုံက သူ့ဆီရောက်လာနေသည့် မီးလက်ဝါးအား လက်ဝါးတစ်ထောင်ဖြင့် ရိုက်ထုတ်လိုက်သည်။

လေထုထဲတွင် ခမ်းနားထည်ဝါသော နဂါးဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုနောက် ရေနဂါး ၊ မီးနဂါး ၊ အနက်ရောင်နဂါး ၊ အဖြူရောင် နဂါး စသဖြင့် နဂါးကိုးကောင်  တိတိပျံသန်းထွက်ပေါ်လာသည်။

လေထုထဲတွင် နဂါးအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now