ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၄၆ .......စာမေးပွဲ ဒုတိယနေ့
ရှောင်လုံအမည်က အဆင့် ၁၀ သို့ ရုတ်တရက် တက်လှမ်းသွားသည်ကိုကြည့်ရင်း အကုန်လုံး မှင်တက်သွားကြသည်။
စစချင်းမှာ ရှောင်လုံအဆင့်၏ နိမ်ကျသောညအဆင့်ကြောင့် မည်သူမှ သူ့ကို သံသယမဖြစ်မိပေ။ ရှောင်လုံက လူတိုင်း၏ စိတ်ဝင်စားမှုကို ရှောင်းတိမ်း၍ တရွေ့ရွေ့ အရှိန်ဖြင့် အဆင့် ၁၂ နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရှောင်လုံအမည်က ထိပ်ဆုံး ဆယ်နေရာအတွင်းသို့ ရုတ်တရက် ရောက်ရှိလာချိန်ကြမှ
အကုန်လုံး အံ့သြတုန်လှုပ်ကုန်ကြခြင်း ဖြစ်သည်။"... ဟောင်ရှောင်လုံဆိုတာက ဘယ်သူလဲ ...?"
လူအုပ်အတွင်းမှ လူတစ်ချို့က မေးခွန်းထုတ် လိုက်သည်။ ရင်ပြင်ကျယ်တစ်လျှောက် အနည်းငယ် ဆူဆူပူပူ ဖြစ်သွားသည်။ လူအုပ်အတွင်းမှ အများစုက ရှောင်လုံအမည်ကို မကြားဘူးကြပေ။ သို့သော် လူအနည်းစုက ရှောင်လုံကို မှတ်မိကြသည်။
".... ဟောင်ရှောင်လုံဆိုတာက အရည်အချင်း စစ်ဆေးတုံးက ခွန်အားရမှတ် ၂၂၀၀ ကျော်ခဲ့တဲ့လူလေ..."
လူအုပ်အတွင်းမှ တစ်ချို့က ပြောလိုက်သည်။ ရှောင်လုံ၏ သတင်းက ရင်ပြင်ကျယ်တစ်ခုလုံးကို ဟာရီကိန်း မုန်တိုင်းတစ်ခုလို လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ရင်ပြင်ကျယ်ထဲတွင် အမှတ်စာရင်းကို စောင့်ကြည့်နေကြသော ကျူးမိသားစုဝင်တစ်ချို့လည်း ရှိနေကြသည်။ ကျူးဟိုင်ရှန်က အဆင့်၁၀အပြင်သို့ ပြုတ်ကျသွားသည့် မမျှော်လင့်သော ရလဒ်က သူတို့အားလုံးကို စိတ်ပျက်သွားစေသည်။
".... ခွန်အားရမှတ် ၂၂၀၀ ကျော်တဲ့သူ ဟုတ်လား...? ဒီကောင် ဘယ်လိုကံကောင်းပြီး ဒီနေရာကို ရောက်ရှိလာတာလဲ ...? သူ့ခွန်အား အဆင့်လောက်နဲ့ ထိပ်ဆုံးအဆင့် ၁၀ အတွင်းကို ဝင်နိုင်စရာ အကြောင်းကို မရှိဘူး ...!"
ကျူးမိသားစုဝင်တစ်ယောက်က ရွံရှာစက်ဆုပ်စွာဖြင့် လှောင်ပြောင် သရော်လိုက်သည်။
".... ဟုတ်တယ် .... အဲ့ကောင်က ကြက်ကန်းဆန်အိုးတိုးပြိး အဆင့်၁၀ ကို ရောက်သွားတာ .... အဆင့် ၁၀ နေရာမှာ ကြာကြာ ရပ်တည်နိုင်မှာ မဟုတ်ဘူး .... မကြာခင် အကိုကြီး
ကျူးဟိုင်ရှင်က သူ့ကို အဆင့် ၁၀ အပြင်ဘက် ပြန်ပြီး ကန်ထုတ်လိမ့်မယ် ...."
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Maceraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...