881 - 885

252 14 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၈၁.....  ဟောင်ရှောင်လုံ သေရမယ်

သူ့ရှေ့ရှိ လျှပ်စီး နဂါးတစ်ကောင်နှင့်တူသော စိတ်ဝိညာဉ်စွမ်းအင်ကြော ကို ကြည့်ရင်း ရှောင်လုံ၏ တောက်ပသော မျက်လုံးများထဲတွင် ပျော်ရွှင်မှုများနှင့်ပြည့်နှက်သွားလေသည်။

ထိုစိတ်ဝိညာဉ် စွမ်းအင်ကြောသည် နတ်ဘုံကမ္ဘာ စိတ်ဝိညာဉ် စွမ်းအင်ကို နှစ်ပေါင်း မရေမတွက်နိုင်အောင် စုဆောင်းခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင်ကြော ထဲ၌ ပါဝင်နေသော လျှပ်စီး စိတ်ဝိညာဉ်စွမ်းအင်သည် သံသယ ရှိစရာ မလိုလောက်အောင်ပင် ရတနာများထဲမှ ရတနာ ဖြစ်ပေသည်။ ၎င်း၏ အရည်အသွေးသည် ရှောင်လုံ ဖွဲ့စည်းသိပ်သည်းနိုင်စွမ်းရှိသော အထွတ်အမြတ်အဆင့် အင်မော်တယ် စိတ်ဝိညာဉ် ကျောက်တုံးများထက်ပင် အဆပေါင်များစွာ မြင့်မားပေသည်။

တန်ဖိုး ရှိမှုချင်း နှိုင်းယှဥ်မည်ဆိုလျှင် လျှပ်စီးနဂါး စိတ်ဝိညာဉ်စွမ်းအင်ကြော သည် လျှပ်စီးနတ်ဘုရား၏ အလောင်း ထက်ပင် အဆပေါင်းများစွာ တန်ကြေးရှိပေသည်။

ရှောင်လုံက သူ့၏ လက်နှစ်ဖက်လုံးကို ရှေ့သို့ ဆန့်တန်းလိုက်လေပြီး လျှပ်စီးနဂါး စိတ်ဝိညာဉ်စွမ်းအင်ကြော ကို အားကောင်းလှသည့် စုပ်ယူအားဖြင့် ဆွဲယူလိုက်လေသည်။

ရုတ်တရက်ဆိုသလို ကြီးမားလှသည့် စိတ်ဝိညာဉ်စွမ်းအင်ကြော သည် တုန်ခါသွားလေပြီး လျှပ်စီးစွမ်းအင်ကို ဒေါသတကြီးလှည့်ပတ်လာကာ လျှပ်စီး တိုင်လုံးကြီးများဖြင့် ပစ်ခတ်လာလေပြီး ရှောင်လုံ၏ စုပ်ယူမှု အင်အားကို ပြန့်ကျဲသွားစေသည်။

" အမ်"

ရှောင်လုံက ကြောင်အသွားရလေသည်။ သူ့၏ စုပ်ယူမှုအင်အားက နတ်ဘုရား တောင်တန်းတစ်ခုကိုပင် အလွယ်တကူ အမြစ်နုတ်ပစ်လိုက်နိုင်စွမ်း ရှိပေသည်။ သို့သော် သူ့၏ စုပ်ယူအားသည် လျှပ်စီး နဂါး စွမ်းအင်ကြောကြောင့် ပြန့်ကျဲသွားစေသည်လား။

စိတ်ဝိညာဉ်စွမ်းအင်ကြော ၏ အသိဉာဏ်သည် အတော်လေး တိုးတက်နေဟန်ရပြီး ၎င်းသည် သာမန် မဟာနတ်ဘုရား အဆင့် ၅ သိုင်းပညာ ရှင် တစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသော ခွန်အားကို ပိုင်ဆိုင်ထားပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now