ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၁၁၆ ....ဒေါင်ရမ်းအင်ပါရာနိုင်ငံကြီးက
ဝင်ရောက်ဖြန်ဖြေပေးခြင်းအခုလို ရှုပ်ရှက်ခက်နေတဲ့ အခြေအနေအတွင်းမှာ ရှောင်လုံက ညဏ်အလင်းရရေကန်အတွင်းကို အလောတကြီးဝင်ဖို့ မကြိုးစားသေးပေ.. ။ သူကသူ့ခြံဝန်းထဲမှာပဲ သိုင်းလေ့ကျင့်ခန်းတွေကိုအဆက်မပြတ်လေ့ကျင့်ရင်း အခွင့်အခါကောင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေတော့လေသည်။
တကယ်တမ်းဆိုရင် ကောင်းကင်ရတနာမွေးဖွားဖို့ကအချိန်အနဲငယ်လိုနေသေးတာမို့ ရှောင်လုံအနေနဲ့ ညဏ်အလင်းရရေကန်ကိုအခုသွားမယ်ဆိုရင်တော့ ဘာမှထူးခြားအုံးမှာမဟုတ်ပေ.. ။ ဒါအပြင်ယုဝေနိုင်ငံရဲ့ စစ်တပ်ကလဲ ညဏ်အလင်းရရေကန်အတွင်းသို့ ယင်ကောင်တကောင်ကိုတောင်ဝင်ခွင့်မပြုပဲ တကယ်ကိုတင်းတင်းကျပ်ကျပ်စောင့်ကြပ်နေတာပဲ ဖြစ်သည်။
ပိုပြီးအရေကြီးတဲ့အချက်ကတော့ ကောင်းကင်ရတနာဆိုတာကလူတိုင်းရယူနိုင်တဲ့ ပစ္စည်းတခုမဟုတ်ပေ.. ။ လင်းလောင်ရတနာစေတီလိုပဲ အဆင့်၁ ကနေ ၁၀ အတွင်းဝင်တဲ့ ကောင်းကင်ရတနာတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်က အဆင့်၁၃နဲ့ အထက်သိုင်းဝိညဉ်ပိုင်ဆိုင်ထားဖို့လိုအပ်လေသည်။ ဒါမှလဲ ကောင်းကင်ရတနာက အဲ့လူကို သခင်အဖြစ်အသိအမှတ်ပြုမှာမဟုတ်လား.. ။
အဲ့လိုနဲ့နောက်ထပ်အချိန်ငါးရက်ကကုန်ဆုံးသွားပြန်သည်။
ငါးရက်မြောက်တဲ့နေ့ ရှောင်လုံ သူ့ခြံဝန်းလေးထဲမှာ သိုင်းလေ့ကျင့်နေစဉ် ဖေးဟိုက လာရောက်သတင်းပို့လေသည်
".. ဂိုဏ်းချုပ်... ဘေလုံနိုင်ငံက ဓားကြီးဂိုဏ်းလဲ ဒီနေရာကိုရောက်နေပြီလို့ ကျွန်တော်မျိုး သတင်းရရှိပါတယ်..."ဓားကြီးဂိုဏ်း...!
ရှောင်လုံက ဓားကြီးဂိုဏ်းဆိုတဲ့ နာမယ်ကိုကြားတော့ သူ့မျက်လုံးထဲမှာ စူးရှတဲ့အလင်းတန်းတခု ဖျက်ကလဲလက်သွားကာ
".. ဘယ်သူရောက်နေတာလဲ.. ?"ဖေးဟိုက ပြန်ဖြေလိုက်သည်
".. ယုချန်ရော လင်ရှီးယန် ရောနှစ်ယောက်လုံးရောက်နေတာပါ...
သူတို့နဲ့အတူ ဓားကြီးဂိုဏ်းက အကြီးအကဲတော်တော်များများနဲ့ ဂိုဏ်းသားတွေလဲပါလာကြတယ်.. "
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Pertualanganပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...