ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၀၁ .......
ယုံကြည်ချက်အပြည့်ရှိနေသော ရှောင်လုံ မျက်နှာကိုကြည့်ပြီး ဖုယန်လည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုများလည်း အနည်းငယ်လျော့ကျသွား၏ ။ ဖုယန်က ပြုံးပြီးပြောလိုက်သည်
"... မင်းက အရမ်းကို ယုံကြည်ချက်ပြည့်ဝနေပါလားကွ ....? မိုးပြာရောင် နဂါး တက္ကသိုလ်ဘက်က အတွင်းစည်းကျောင်းသားခေါင်းဆောင် ရှောင်းမင်ကျီလည်း ပါလာလိမ့်မယ် .... သူ အစွမ်း အတိအကျကို ငါကိုယ်တိုင်လည်း မသိသေးဘူး ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်က သူ့လက်ချက်နဲ့ နတ်ဘုရား အဆင့် ၅ စဦး သိုင်းပညာရှင်တစ်ယောက် သေခဲ့တယ်လို့ ကြားတယ် ...."
ထိုစကားကိုကြားသော်လည်း ရှောင်လုံမျက်နှာက တစ်ချက် ပျက်မသွားပေ ။ ရှောင်လုံက သိပ်မထူးဆန်းသည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်
".... လာမဲ့ အချိန်လေးနှစ်အတွင်း ကျွန်တော်လည်း တိုးတက်လာအောင် ကြိုးစားသွားမှာပါ ဆရာ ...."
ဖုယန်က ရှောင်လုံစိတ်ဓတ်ကို သဘောကျသွားသည့်ပုံစံဖြင့် ရယ်မောလိုက်ပြီး
"... ဒါဆိုလည်း ကောင်းပြီလေ ... ဒါပေမဲ့ မင်းကိုယ်မင်း အရမ်း ဖိအားအောက် အရောက်မခံနဲ့ ... အတွင်းစည်းကျောင်းသားတွေရဲ့ သိုင်းပြိုင်ပွဲကို ငါတို့ ပိုက်နက်ထဲမှာ ကျင်းပမှာဆိုတော့ ရှောင်းမင်ကျီလည်း မင်းကို ဒဏ်ရာပြင်းထန်အောင် မလုပ်ရဲပါဘူး ...."
ရှောင်လုံက ယုံကြည်ချက်အပြည့်ရှိနေသော်လည်း ဖုယန်စိတ်ထဲမှာတော့ ရှောင်းမင်ကျီအား ရှောင်လုံ အနိုင်ယူနိုင်မည်ဟု မထင်ထားပေ။ သူ့ဆရာက သူ့အပေါ် သံသယရှိနေမှန်းသိသော်လည်း ရှောင်လုံက စကားလမ်းကြောင်းလွှဲလိုက်သည်
".... ဆရာ ... အရူးသိုင်းဆရာမကြီး သတင်းရော
ဘာကြားသေးလဲ ....?"အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးအား အနက်ရောင် သူရဲကောင်း လေလံတင်အိမ်တွင် ရှောင်လုံ လေလံတင်ရသည့် အဓိကအကြောင်းအရင်းမှာ အရူးသိုင်းဆရာမကြီးနှင့် တွေ့ဆုံလို၍ ဖြစ်သည်။ အကယ်၍ သူသာ လေလံတင်ပွဲသို့ ရောက်မလာခဲ့လျှင် ထိုလေလံပွဲက ရှောင်လုံအတွက် အဓိပ္ပါယ်မရှိတော့ပေ။

YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Pertualanganပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...