#ဝန်ဇင်းမှာစာစဉ်၁၈ရနေပြီနော်
ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၃၆ ..... ချန်တိုင်ချီစိတ်ထဲမှာ သင်္ကာမကင်းဖြစ်လာခြင်းဂိုချန်က လေးလေးစားစားဖြင့် တောင်းပန်လာပြီဆိုကတည်းက ရှောင်လုံအနေနှင့်လဲ သူမျက်နှာကိုထောက်ထားဖို့တော့ လိုနေသေးတယ်မဟုတ်လား.... ။ နောက်ပြီး သူ့ညီမလေး ဟောင်းမင်းက ဂိုအိမ်တော်ရဲ့ ချွေးမတယောက် ဖြစ်လာတော့မှာမို့ ရှောင်လုံက ဒိကိစ္စကို ကြီးကြီးမားမားမဖြစ်ချင်တော့ပေ ....။
"... ကောင်းပါပြီ ....သခင်လေး စိတ်ချနေပါ.... ဒီနေ့လိုကိစ္စမျိုးတွေ နောက်ထပ်မဖြစ်စေရပါဘူးလို့ ကျုပ်အာမခံပါတယ်.... "
ရှောင်လုံက အခုကိစ္စကို လျှော်ပေးလိုက်တာကိုမြင်တော့ ဂိုချန်က သက်ပြင်းတချက်ကိုကျိတ်ချရင်း အာမခံစကားဆိုလိုက်သည်။
ရှောင်လုံက ဂိုချန်စကားကိုနားထောင်ရင်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ကောင်းယွမ်ဘက်သို့လှည့်ကြည့်ပြီး ဖိတ်ခေါ်လိုက်သည်
".... လာသွားစို့.... ငါတို့အရက် သွားသောက်ကြရအောင်.... "
"... အရက်သွားစောက်ကြစို့ဟူတ်လား.... ?"
ကောင်းယွမ်က ရှောင်လုံကို အံသြမှင်သက်သွားသည့်ပုံစံဖြင့်ငေးကြည့်နေ၏ ။ရှောင်လုံ၏ဖိတ်ခေါ်မှုကိုခံလိုက်သည့် ထိုခနအတွင်းမှာ သူ့စိတ်တွေကလွန်စွာလှုပ်ရှားသွားပြီး ကိုယ်ထဲမှာရှိနေကြသောသွေးတွေအကုန်လုံး ပွက်ပွက်ဆူလာကာ နှလုံးခုန်သံတွေ တဒိန်းဒိန်းမြည်ဟိန်းလာသလိုမျိုး ကောင်းယွမ်ရင်ထဲမှာ ခံစားလိုက်ရသည်။
သိုပေမယ့် အပေါ်ယံမျက်နှာပြင်မှာတော့ ကောင်းယွမ်က ကြောင်းအမ်းနေသည့် အမူအရာနှင့်သာခေါင်းညိတ်ပြလိုက်မိသည်။ ထိုနောက် ကောင်းယွမ်က ရှောင်လုံဘေးကနေ လိုက်ကာ မိုးသောက်မြစ် လမ်းမထက်ကနေ ထွက်ခွာသွားတော့သည်။
သူလျှောက်လှမ်းလာခဲ့ရသည့် လမ်းခရီးတလျှောက်လုံးမှာ ကောင်းယွမ်တယောက် ကမ္ဘာမြေကြီး၏ ဆွဲငင်အားကိုလွန်ဆန်ကာ သူ့တကိုယ်လုံးလေထဲဝဲပျံနေသလိုမျိုး ခံစားနေရလေသည်။

YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Phiêu lưuပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...