မနေ့ကတည်းက မီးပျက်သွားတာ ခုမှ ပြန်လာလို့ပါရှင့်။
ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်
အပိုင်း ၉၃၁ ...... ဒူးထောက်တောင်းပန်
မော့စု ဘေးနားရှိ နတ်ဆိုးကလန်တပည့်များအားလုံး သည်လည်း ကျယ်လောင်စူးရှစွာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။
ကွင်းပြင်၏ အပြင်ဘက်ရှိ လူများ၏အကြည့်များသည်လည်း ရှောင်လုံနှင့် မော့စု တို့အပေါ် ကျရောက်လာသည်။
"ဆေး သန့်စင်မှု ကျရှုံးသွားတာလား...အဲ့ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ...ဟောင်ရှောင်လုံက နတ်ဘုရားအဆီအနှစ် ဆေးလုံးကို ဖော်စပ်ဖို့ ကျရှုံးခဲ့တာများလား"
"ဘယ်သူ သိမှာတဲ့လဲ...လွန်ခဲ့တဲ့ လအနည်းငယ်က လုပ်ခဲ့တဲ့ သူ့ရဲ့ အကဲဖြတ် စစ်ဆေးမှုက အတုကြီးလည်း ဖြစ်နေနိုင်တာပဲလေ...လူတွေက ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ပြောနေကြတာနေမှာပေါ့...ဟောင်ရှောင်လုံက ကျင့်ကြံမှုမှာတော့ ပြိုင်ဘက်ကင်းပါရမီ ရှိကောင်းရှိလိမ့်မယ်...ဒါပေမယ့် ဆေးပညာမှာလည်း ပြိုင်ဘက်ကင်းနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူးကွာ"
ချက်ချင်းဆိုသလို လူအုပ်ကြီးထဲရှိ လူများသည် ထိုအကြောင်းကို ပြောလိုက်ကြသည်။
ကြီးကြပ်သူ ဖြစ်သော အကြီးအကဲ ဝမ်ကျယ်သည် စန်းရီဆီမှ ညွှန်ကြားမှုကို ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက မော့စု ပြောသော ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း ကျရှုံးမှုကို နားလည်ထားပြီး ဖြစ်သည်။
ဝမ်ကျယ်က ကြေညာလိုက်လေသည်။
"ဟောင်ရှောင်လုံ...ဆေးဖော်စပ်ခြင်း မအောင်မြင်၊ ဆေးလုံးဖြစ်တည်မှု ကျရှုံး၊ ကြာချိန် - ၃၂ မိနစ် ၅၀ စက္ကန့်"
ဝမ်ကျယ်၏ စိတ်ထဲ၌မူ ဆေးအမယ်များသည် မှားယွင်းနေသည်မို့ ရှောင်လုံ၏ ဆေးပညာပါရမီ မည်မျှ မြင့်မားနေစေကာမူ သူ့၏ ဆေးလုံးသည် အောင်အောင်မြင်မြင် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ကျယ်က မည်သည့် တပည့်ကိုမှ ရှောင်လုံ၏ ဆေးဖော်ခန်း ထဲသို့ သွားရောက်စစ်ဆေးခိုင်းမနေတော့ပေ။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Przygodoweပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...