ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၁၇၆...... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ (9)
ဒုတိယနေ့အတွက် သိုင်းယှဉ်ပြိုင်မှုတွေ ပြီးဆုံးချိန်မှာတော့ ရှောင်လုံလဲ ကျောင်းရှုတို့သုံးယောက်နဲ့အတူ သူတို့တည်းခိုနေသော အထီးကျန် တည်းခိုဆောင်သို့ ပြန်လာလိုက်သည် ။
ဒါပေမယ့် သူတို့တည်းခိုဆောင်အပေါက်ဝကို ဝင်တော့မယ့်အချိန်မှာပဲ ဆိုင်ပိုင်ရှင်က တည်းခိုဆောင်ထဲကနေ အလျင်အမြန် ပြေးထွက်လာပြီး ရှောင်လုံတို့လူစုကို အနဲငယ်ရှက်ရွံနေဟန်ဖြင့် ကြည့်ရင်း
"... သခင်လေး ဟောင်ရှောင်လုံ.... ကျွန်တော်တောင်းပန်ပါရစေ
သခင်လေးတို့ ဒီမှာဆက်နေလို့ မရတော့ပါဘူး... "".... ဆက်နေလို့မရတော့ဘူး ဟူတ်လား... ?"
ရှောင်လုံက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည် ။တည်းခိုဆောင်ပိုင်ရှင်ကလဲ စိုးရွံဟန်ဖြင့် ခေါင်းကိုငုံလိုက်ပြီး ရှောင်လုံအရှေ့မှာ ဒူးထောက်ချလိုက်ကာ
"... သခင်လေး ဟောင်ရှောင်လုံ.... ကျွန်တော်..ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်... ကျွန်တော်သခင်လေးတို့ကိုဆက်ပြီးလက်ခံထားလို့မရတော့လို့ပါ... ""... အကြင်နာမဲ့ သခင်လေးကြောင့်လား.. ?"
ရှောင်လုံက အေးစက်စက်အသံဖြင့် တည်းခိုဆောင်ပိုင်ရှင်ကိုကြည့်ကာ ကြားဖြတ်မေးလိုက်သည် ။တည်းခိုဆောင်ပိုင်ရှင်က ရှောင်လုံပြောလိုက်တဲ့ နာမယ်ကိုလဲကြားရော ဟုတ်တယ်လဲ မပြော မဟုတ်ဘူးလဲမပြောပဲ ကျောက်ရုပ်ကြီးတရုပ်လိုဖြစ်သွားသည် ။ ဒါပေမယ့် ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတမျိုးပဲ မဟူတ်ပါလား... ။
".... မင်းက အကြင်နာမဲ့ သခင်လေးကိုကြတော့ကြောက်တယ်
ငါတို့ကိုကြတော့ မစိုက်ဘူးဆိုတဲ့သဘောလား...?"
ဖေးဟိုက သူကိုယ်ထဲက အရှိန်အဝါတွေကိုထုတ်ပြရင်း ဒေါသတကြီးဖြင့်ပြောလိုက်ကာ
"... ကောင်းပြီလေ..အဲ့လိုဆိုမှတော့ မင်းအသက်ကိုအခုပဲ အဆုံးသတ်ပေးမယ်.... "
ဖေးဟိုက သူပြောတဲ့အတိုင်းလုပ်ဆောင်ဖို့ ပြင်ဆင်လိုက်သည် ။ကျောင်းရှုရော ယူမင်းရော သူတို့နှစ်ယောက်လုံးမျက်နှာကလဲ အလွန်အမင်းဒေါသထွက်နေဟန်ဖြင့် အေးစက်မာကျောနေသည် ။ ဒါပေမယ့် ဖေးဟိုက တည်းခိုဆောင်ပိုင်ရှင်ကို သတ်တော့မယ့်အချိန်မှာ ရှောင်လုံက လက်ကာပြပြီး ဖေးဟိုကိုတားလိုက်၏ ။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Adventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...