ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၂၄၁ .......
ရှောင်လုံ အခင်းဖြစ်ပွားနေသည့်နေရကိုရောက်တော့ ကျောင်းရှုနှင့် ကျန်းဖူတို့နှစ်ယောက်က တခြား လူလေးယောက်နှင့် ကောင်းကင်ထက်မှာ တိုက်ပွဲဖြစ်ပွားနေတာကိုမြင်လိုက်ရသည်။ ကျန်းဖူ ရ်ုဆိုင်နေရသည့်ရန်သူက လီလူဆရာ လီမိုလင် ဖြစ်ပြီး ကျောင်းရှုကတော့ ယောင်အိမ်တော်၏ ဘိုးဘေးဖြစ်သူအပါအဝင် နတ်ဘုရားကျောင်း၏ ဝတ်စုံကိုဝတ်ဆင်ထားသော နောက်ထပ်လူနှစ်ယောက် အပြင်းအထန်တိုက်ခိုက်နေလေသည် ။
ဒါပေမယ့် ယောင်ဖေးကတော့ ပျောက်ချင်းမလှပျောက်ဆုံးနေသည် ။
သူတို့တိုက်ပွဲတွေဖြစ်ပွားနေသည့် အောက်ဘက်ကလမ်းမပေါ်မှာတော့ မင်္ဂလာဧည့်ကြိုပွဲမှာ ပါဝင်လာကြသည့် ဂိုအိမ်တော်အစောင့်တွေ သွေးအိုင်ထဲမှာ လဲကျနေကြတာကို ရှောင်လုံ မြင်လိုက်ရသည်။ သူတို့နှင့် သိပ်မဝေးသော လမ်းထောင့်တနေရာမှာတော့ ဂိုတန်က တခြားကျန်ရှိနေသော ဂိုအိမ်တော်အစောင့်တွေနှင့်အတူ ဟောင်မင်းရှေ့ကနေ ဝိုင်းပတ်ကာ ကာကွယ်ပေးနေသည် ။
သူ့ညီမလေး ဟောင်မင်းနှင့် ဂိုတန် တိုနြှစ်ယောက်လုံး ဘာမှမဖြစ်တာကိုမြင်တော့မှ သူ့ရင်ဘတ်ထဲမှာ ဆို့နေသည့် အလုံးကြီးပြုတ်ကျသွားသလိုမျိုး ရှောင်လုံသက်ပြင်းချနိုင်သွားသည် ။
ရှောင်လုံ ရောက်လာတာကိုမြင်တော့ လမ်းတဖက်မှာရှိနေသည့် ဟောင်မင်း ဂိုတန်နှင့်အတူ ရှောင်လုံဆီသို့ ပြေးလွှားလာကြသည်
"... အ...အကိုကြီး ..."
"... ညီမလေး ... နင်ဘာမှ မဖြစ်ဘူးမလား..?"
ရှောင်လုံကစိတ်ပူစွာဖြင့် မေးမြန်းလိုက်သည် ။
"... ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး ..."ဂိုတန်တို့ကခေါင်းခါပြလိုက်ကြသည် ။ သူတို့နှစ်ယောက်လုံးဘာမှမဖြစ်တာကိုကြားတော့မှ ရှောင်လုံရင်ဘတ်ထဲမှာ လက်ကျန် တင်းကျပ်နေတာတွေ အကုန်လုံး လျော့ကျသွာတော့သည်။ ထိုအချိန် စူးရှသောလေချွန်သံတွေနှင့်အတူ လူရိပ်နှစ်ခုကတိုက်ပွဲဖြစ်ပွားနေသည့်နေရာတွေဆီသို့ ရောက်ရှိလာကြသည်။
ရောက်ရှိလာကြသောလူနှစ်ယောက်ကတော့ ဒေါင်ရမ်းအင်ပါရာပြည့်ရှင် ဒေါင်ရမ်နှင့် ဂိုမိသားစုဘိုးဘေး ဂိုချန်တို့ပဲ ဖြစ်ကြသည်။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...