191 - 195

448 31 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၉၁ .... မင်းရဲ့ခွေးလိုနိမ့်ကျတဲ့အသက်ကိုလော
                      လောဆယ်ချမ်းသာပေးထားလိုက်မယ်

        ရှောင်လုံနဲ့ ချန်ချန်းတို့ ဟောခန်းမထဲကနေ ပြန်ထွက်လာကြတဲ့အချိန်မှာ အကြင်နာမဲ့သခင်လေးကလဲ ရန်ခမ်းနဲ့ ပန်ယုအပါအဝင်သူရဲ့နောက်လိုက်နောက်ပါအပေါင်းကိုခြံရံရင်း ကျောက်တုံးလှေကားထစ်တွေကိုနင်းကာ လေမျက်နှာမူရာခန်းမဆောင် ဆီသို့တက်လာနေသည်။

    အမှန်တော့ရှောင်လုံက ယောင်ဖေးကိုလုံးဝမမြင်ဘူးပေ...။ဒါပေမယ့် ရန်ခမ်းနဲ့ ပန်ယုတို့အနောက်မှာခြံရံလာတာကိုကြည့်ခြင်းအားဖြင့် အဲ့ဒီလူက ယောင်ဖေးပဖြစ်ရမယ်ဆိုတာ သူခန့်မှန်းမိသွား၏ ။

     အဝါရောင်ပန်းထိုးအကျီကိုဝတ်ဆင်ထားသောအရှေ့ဆုံးကလူကို ရှောင်လုံကလေ့လာအကဲခတ်လိုက်သည် ။ သူကရုပ်ရေအရမ်းချောမောလှပ၏ ။ ဒါပေမယ့် သူချောမောလှပပုံက မိန်းကလေးဆန်ဆန်ချောမောတာပဲ ဖြစ်သည်။

အဲ့ဒီအချိန်မှာပဲ ရှောင်လုံကိုမြင်သွားတဲ့ရန်ခမ်းက ယောင်ဖေးအနားကိုကပ်ရင်း ပြောလိုက်သည်
"... သခင်လေး... ဟောင်ရှောင်လုံဆိုတာသူပေါ့..."

ဟောင်ရှောင်လုံ .....ဟုတ်လား...!

ယောင်ဖေးကသူခေါင်းကိုမော့ရင်းလေမျက်နှာမူရာ ခန်းမဆောင်က၏ ဝင်ပေါက်နားမှာရပ်နေတဲ့သူကိုလှမ်းကြည့်လိုက်သည်။ ရှောင်လုံနှင့် ယောင်ဖေးတို့က အကြည့်ချင်းထိပ်တိုက်တွေ့ဆုံသွားပြီး မမြင်နိုင်သောစွမ်းအားတွေက လေထဲမှာ လှုပ်ရှားထကြွလာကြသည် ။ လေထုအတွင်းမှာ ခပ်တိုးတိုးပေါက်ကွဲသံတွေပါထွက်ပေါ်နေသည်။

ဖြတ်သွားဖြတ်လာ ကျောင်းသားတွေနဲ့ ဆရာတွေက အံသြထိတ်လန့်သွားပြီး အနောက်သို့ အလျင်အမြန်ဆုတ်လိုက်ကြသည် ။ ရှောင်လုံကတော့ ကြီးမားသောတောင်ကြီးတတောင်ကဲ့သို့ သူ့နေရာမှာပဲ မလှုပ်မရှက်ရပ်နေသည်။ ထိုနောက် သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ရင်ဆိုင်တွေ့ကြလေသည်။

သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တေ့်တော့ တယောက်ကိုတယောက်အကဲခတ်ကြရင်း စကားသံတွေကခနတိတ်ဆိတ်သွားသည် ။ ယောင်ဖေးက အရင်ဆုံး သူ့တို့နှစိယောက်ကြားက တိတ်ဆိတ်နေမှု ဖြိုခွဲလိုက်သည်
"... ဟောင်ရှောင်လုံ .... အခုချိန်ထိ မင်းငါ့ဆီမှာ အညံခံမယ်ဆိုရင် အချိန်မှီသေးတယ်နော် .... မင်းမှားခဲ့တယ်ဆိုတဲ့အကြောင်းကိုဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင် .... မင်းငါ့အပေါ်အပြသ်ပြုခဲ့တာတွေအကုန်လုံးကို ခွင့်လွှတ်ပေးလိုက်မယ် ...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now