196 - 200

479 39 2
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၁၉၆ .... နတ်ပြည်

   နောက်နှစ်ရက်စလုံး ရှောင်လုံက တောင်ဘက်နေဝင်ချိန်အိမ်တော်မှာပဲနေထိုင်ရင်း သူ့သိုင်းကျင့်စဉ်တွေကိုဆက်လက်လေ့ကျင်သည်။ သုံးရက်မြောက်နေ၏ မနက်စောစောအချိန်မှာ ကျောင်းရှုက ရှောင်လုံဆီကို သတင်းလာပို့သည်
"... ဂိုဏ်းချုပ် ... ကျွန်တော်မျိုး နတ်ဘုရားကျောင်းတော် သတင်းကို စုံစမ်းရခဲ့ပါပြီ ...."

  "... နတ်ဘုရားကျောင်းတော်အကြောင်းကို သိရပြီဟုတ်လား...?"
ရှောင်လုံက ကျောင်းရှုစကားကြောင့် အံသြဝမ်းသာသွားလေသည်။
ကျောင်းရှုက ခေါင်းညိတ်ပြရင်းပြောလိုက်သည်
"... ဒေါင်ရမ်ပြောပုံအရဆိုရင် .... နတ်ဘုရားကျောင်းတော်က လွန်ခဲ့သောနှစ်ပေါင်းတရာလောက်ကမှ စတင်ပေါ်ပေါက်လာခဲ့တာတဲ့
သူတို့ကအရမ်းကို လျှိုဝှက်ဆန်းကြယ်ပြီး ဒေါင်ရမ်ကိုယ်တိုင်တောင် နတ်ဘုရားကျောင်းတော်ရဲ့ ဋ္ဌာနချုပ်ဘယ်မှာရှိလဲဆိုတာကို မသိဘူးလို့ပြောတယ် ... သူသိတာကတော့ နတ်ဘုရားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်က နက်ရှိုင်းသောခွန်အားတွေကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတယောက်ပဲ ... ဆယ်နှစ်ပြည့်တိုင်း နတ်ဘုရားကျောင်းတော်က
နှင်းလေတိုင်းအတွင်း လက်ရွေးစင်တပည့်ဆယ်ယောက်ကိုရွေးချယ်လေ့ရှိတယ် ... သူတို့ရဲ့ပြောဆိုပုံအရ နတ်ဘုရားကျောင်းတော်ရဲ့ လက်ရွေးစင်တပည့်အဖြစ်ရွေးချယ်ခံရသူက နတ်ပြည်မှာ သိုင်းလေ့ကျင့်ဖို့ အခွင့်အရေးရှိတယ်တဲ့ ..."

ရှောင်လုံက ဒေါင်ရမ်ဘုရင်မင်းမြတ်ရဲ့ နာမယ်ပြောင် မျောက်ကလေးဆိုတဲ့ နာမယ်ကို စိတ်ထဲတမျိုးကြီးဖြစ်ကြောင်းပြောထားတာကြောင့် ကျောင်းရှုက ရှောင်လုံပြောတဲ့ အတိုင်း ဒေါင်ရမ်းအင်ပါရာဘုရင်၏ နာမယ်အရင်းကိုပဲ ခေါ်ဆိုသုံးနှုန်းလိုက်သည်။

"... ဘယ်လို ....? နတ်ပြည် ဟုတ်လား ...? "
ရှောင်လုံက အံအားသင့်လွန်းလို့ သူ့မျက်လုံးနှစ်ဖက်က လမင်းကြီးသဖွယ် ဝိုင်းစက်သွားသည်။
ဒီကမ္ဘာကြီးမှာရော နတ်ပြည်ဆိုတဲ့ နေရာတခုရှိနေတာလား...?

သူအရင်ကမ္ဘာကြိးမှာဆိုရင် အင်မော်တယ်တွေနေထိုင်တဲ့ နည်ပြည်အကြောင်းကိုပြုံ့ပင်အမျိုးမျိုး ရေးသားထားတဲ့ စာအုပ်တွေအများကြီးရှိတယ်မဟုတ်လား ...။ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက
နတ်သမီးပုံပြင်ကဲ့သို့ တကယ်ရှိမရှိ သူမသိခဲ့ပေ  ...။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now