331 - 335

301 22 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၃၁ ..... နတ်ဘုရားသတ် လက်သီးသိုင်း

   ရှောင်လုံစကားကြောင့် ဆိုင်ရှင်က အံသြမှင်သက်သွား၏ ။ သူကရှောင်လုံစကား၏ အဓိပ္ပါယ်ကို သေချာနားမလည်နိုင်သေးခင်မှာ ရှောင်လုံနှင့် တစ္ဆေကြီးဖန်ယန်တို့ကတော့ စားသောက်ဆိုင်ထဲကနေ ပျောက်ကွယ်သွားလေပြီ ...။

ဆိုင်ရှင်က ရှောင်လုံနှင့် ဖန်ယန်တို့ ရှိခဲ့နေသော နေရာကို ကြောင်စီစီဖြင့် ငေးကြည့်သည်။
အချိန်အတော်လေးကြာတော့မှ ဆိုင်ရှင်ကခေါင်းခါပြီး သူ့ဘာသာခပ်တိုးတိုးရေရွတ်လိုက်သည်

"....သခင်လေး ဟောင်ရှောင်လုံက်ို  မိုးကောင်ကင်နတ်မင်းကြီး စောင့်ရှောက်နေပါစေလို့ ဆုတောင်းရတော့မှာပဲ ....."

သူစိတ်ထဲတွင် ရှောင်လုံနှင့် သူ့အဖော်လူထွားကြီးက လူခိုင်ကို အောင်မြင်စွာ ကယ်တင်လာနိုင်လိမ့်မယ်လို့  မယုံကြည်ထားပေ..။
ထိုအချိန်တွင် လူတောင်း နန်းတော်တံခါးကြီး ပွင့်လာပြီး သံကြိုးကွင်းတွေနဲ့ ချည်နှောင်ခံထားရသော လူခိုင်အား အစောင့်အရှောက်များဖြင့် နန်းတော်တ့့ခါးပေါက်ကနေ အပြင် ထုတ်လာသည်။
နန်းတော်စောင့်တပ်က လူခိုင်ကို သတ်ဖြတ်မယ့် ရင်ပြင်ကျယ် ပတ်ဝန်းကျင်၌ တင်းကျပ်စွာဖြင့် စောင့်ကြပ်နေကြလေသည်။

ပြည်သူပြည်သားတွေက ဆံပင်တွေဖရိုဖရဲနှင့် ပုံသံပျက်နေသော  လူခိုင်ထွက်ပေါ်လာတာကိုမြင်တော့ စုတ်တသတ်သတ်ခေါင်း တခါခါဖြစ်ကုန်ကြ
သည်။ တချို့လူတွေက လူခိုင်အတွက် ဝမ်းနဲကြပြီး တချို့ကလူတွေကတော့ လူခိုင်ပျက်စီးတော့မှာကို ဝမ်းသာနေကြသည်။

ဟီဟိုင်က နန်းတော်ရှေ့ ရင်ပြင်ကျယ်အလည်မှ လူခိုင်ကို စိုက်ကြည့်ကာ အော်ငေါက်လိုက်သည်

"... ဟေ့ကောင် ....ဒူးထောက်စမ်း ...."

လူခိုင်က ဟီဟိုင်စကားကို မကြားသလိုမျိုး မားမားမတ်မတ်ပဲ ရပ်နေသည်။ လူခိုင်၏ ခေါင်းမာပုံကိုမြင်တော့ ဟီဟိုင်က ရက်စက်တော့မည့်အသွင်ဖြင့်တချက် ပြုံးလိုက်သည် ။ ထိုနောက် သူက လျပ်စီးလက်သလို မြန်ဆန်သော ခြေကန်ချက်ဖြင့် လူခိုင်အနောက်ကို ကန်ချလိုက်သည်။ ထိုအခါ လူခိုင်လဲ ခါးကွေးသွားပြီး ဒူးထောက်လျက် လဲကျသွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now