ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်အပိုင်း ၃၃၆ .....
".... ခွေးကောင် ဟောင်ရှောင်လုံ ... ကောင်းတယ် အရမ်းကိုကောင်းတယ်....!!"
အောင်းပိုင်ရွှယ်၏ မျက်လုံးထဲမှ အမုန်းတရားများ လျှံကျလာပြီး
".... ငါးနှစ်လောက် အချိန်လေးအတွင်းမှာ မင်းအခုလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ....."
ငါးနှစ်အတွင်း အလျင်အမြန်ကို တိုးတက်လာခဲ့သော ရှောင်လုံ၏ အစွမ်းတွေကြောင့် အောင်းပိုင်ရွှယ် စိတ်ထဲတွင် လန့်ဖျား ဖျားချင်နေသည်။ တချိန်ထဲမှာပဲ သူစိတ်ထဲတွင် ရှောင်လုံအား ကြီးထွားရန်အချိန်မပေးတော့ပဲ မရရအောင် သတ်ဖို့သာ ဆုံးဖြတ်ချက်ချလိုက်သည်။
သူသာရှောင်လုံကို မသတ်နိုင်ခဲ့ပါက နောက်အနှစ်တရာလောက်ကြာလျှင် နတ်ဘုရားကျောင်းတော်က ရှောင်လုံလက်ချက်ဖြင့် တစစီဖြစ်သွားနိုင်သည်။
ရှောင်လုံက အောင်းပိုင်ရွှယ်အာသ ခပ်ရွဲ့ရွဲ့ ပြုံးပြလိုက်ပြီး
".... နှစ်အနဲငယ်ကြာသွားပေမယ့်ခင်ဗျားကတော့
ဒုံရင်းက ဒုံရင်းပဲနော် ... နဲနဲလေးတောင်မှ တိုးတက်မလာဘူး .... တကယ်ကို စိတ်ပျက်စရာပဲ ...."ရှောင်လုံ၏ လှောင်ပြောင်စကားကြောင့် အောင်းပိုင်းရွှယ်မျက်နှာတခုလုံးက အရုပ်ဆိုးလောက်အောင် ရှုံ့မဲ့သွားလေသည်။ ပုံမှန်အားဖြင့် စကြာဝဠာသိုင်းပညာရှင်တစ်ယောက်အဖို့ သိုင်းအဆင့်တိုးတက်ဖို့နှင့် ခွန်အားတွေတိုးပွားလာဖို့ဆိုတာက ပြောသလောက် မလွယ်ကူလှပေ..။
ယေဘုယျအားဖြင့် စကြာဝဠာသိုင်းပညာရှင်တယောက် သိုင်းအဆင့်တခုတက်ရန် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်များစွာလောက်စောင့်ဆိုင်းကြရသည်။ တချို့ စကြာဝဠာ သိုင်းပညာရှင်တွေဆိုရင် ဆယ်စုပေါင်းများစွာ ဘဝဆုံးသွားသည့်တိုင်အောင် နောက်တစ်ဆင့်အား မတက်နိုင်ခဲ့ပေ..။
စကြာဝဠာသိုင်းပညာရှင်အတွက် သိုင်းအဆင့်တက်ဖို့ခက်တယ်ဆိုတာက မှန်ကန်သော်လည်း ရှောင်လုံစကားက သူအနာကို ဆားနဲ့သိပ်လိုက်သကဲ့သို့ အောင်းပိုင်ရွှယ်ရင်ထဲမှာ စပ်ဖျင်းဖျင်း ဖြစ်သွားသည်။

YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Phiêu lưuပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...