ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း၁၆.......မြေကြီးအဆင့်၄ သူရဲကောင်းဖြစ်ခြင်း
မျောက်လေးက ပန်းပွင့်ဘာရာမြွေကြီးရဲ့ ပြတ်သွားတဲ့ ခေါင်းပေါ်ကိုတက်ပြီးတော့ အဝါရောင်အစေ့ သေးသေးလေးကို
တူးထုတ်လိုက်သည်။ရှောင်လုံလဲ အဝါရောင် အစေ့လေးကိုမြင်တော့ မျက်လုံးပြုးသွားပြီး အံသြစွာနဲ့. " သားရဲအမြူတေ "
တကယ်တော့ အလယ်အလတ်အဆင့်ရှိတဲ့ ရက်စက်တဲ့ သားရဲကြီးတွေမှာ အမြူတေ ရှိနိုင်တဲ့နှုန်းက အကောင်တထောင်မှ တကောင်ပဲပဲရှိတာမလား။ အဆင့်၇လောက်ရှိတဲ့ သားရဲကြီးတွေကမှ
အမြူတေကို အောင်မြင်စွာ သူတို့ကိုယ်ထဲမှာစုစည်းနိုင်ပြီးတော့ ထူးဆန်းစွာနဲ့ ဒိမြွေကြီးမှာတော့ အမြူတေ ရှိနေလေသည်။အဆင့်လေး သားရဲအမြူတေ! တကယ်လို့ အပြင်မှာရောင်းမယ်ဆိုရင် ရွှေဒင်္ဂါးကွိုင် နှစ်ရာ ၊ သုံးရာလောက်ရမှာပဲ။
အဲ့အချိန်မှာ မျောက်လေးက မြွေကြီးရဲ့ ဝမ်းဗိုက်ကို
သူလက်သည်းနှစ်ဖက် ထပ်ခွဲလိုက်ပြီးတော့ အချွဲအကျိတွေကြားက လက်မလောက်အရွယ်အစားလောက်ရှိတဲ့ သည်းခြေနှစ်ခုကို
ထုတ်လိုက်လေသည်။စပါးကျီးသည်းခြေ ...! ရှောင်လုံးမျက်လုံးတွေက တောက်ပ
သွားပြီးတော့ အဆင့်လေးဘာရာမြွေကြီးရဲ့ သည်းခြေဆိုတာကို
တကယ်ကို သိုင်းလေ့ကျင့်တဲ့သူတွေအတွက် အားဖြည့်ပစ္စည်းပဲ ။
သည်းခြေကို မြိုချလိုက်ရင် သိုင်းကျင့်စဉ်ကို တိုးတက်စေယုံမက ခန္ဓာကိုယ်ကိုလဲ ကြံခိုင်စေသည်။စပါးကြီးသည်းခြေကို တူးထုတ်ပြီးတာနဲ့ မျောက်လေးက ရှောင်လုံကို ပေးလိုက်ပြီးတော့ သူကတော့ သားရဲအမြူတေကို မြိုချလိုက်လေ
သည်။" မင်း...စားလိုက်တယ် " ရှောင်လုံက အံသြစွာပြောလိုက်သည်။
ရက်စက်တဲ့ သားရဲကြီးတွေရဲ့ အမြူတေဆိုတာ အလွန်စွမ်းအား
ပြင်းထန်ပြီးတော့ သိုင်းသမားတွေတောင် ဆေးဖော်ပြ်ီးမှ
စားလို့ရသည်မဟုတ်လား ဒိအတိုင်းတိုက်ရိုက် စားလိုက်မယ်ဆိုရင်
သားရဲအမြူတေ ပြင်းထန်တဲ့ စွမ်းအားကြောင့် ကိုယ်ခန္ဓာပေါက်ကွဲသွားစေနိုင်သည် ။
![](https://img.wattpad.com/cover/346859668-288-k498887.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...