ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၄၂၆ ....
ဖန်ကျွမ်းတစ်ယောက် ဟူကျွမ်းသေဆုံးသွားသည့်သတင်းအား ဟူချန်ကို မည်ကဲ့သို့ ရှင်းပြရမလဲဆိုတာတွေးပြီး ဦးနှောက်ခြောက်နေချိန်မှာ ရတနာမြို့အတွင်းသို့ ရောက်ရှိနေသော
ရှောင်လုံက ခြေဦးတည်ရာလျှောက်ကြည့်နေသည်။တဖြည်းဖြည်းနှင့် နေဝင်သွားပြီး ကောင်းကင်ကြီးတစ်ခုလုံးမည်းနက်လာသည်။
ညအမှောင်ထုကြီးက ကြီးစိုးလာသော်လည်း ရတနာမြို့အတွင်းမှ စျေးဆိုင်းများရှေ့တွင် မီးပုံးများကိုယ်စီချိတ်ဆွဲကာ စျေးရောင်းသျေးဝယ်သာများဖြင့် စည်းကားလျက်ပင်ရှိနေသေးသည် ။ရှောင်လုံက ကျင်းအိမ်တော်အကြောင်းစုံစမ်းလိုက်ပြီး ကျင်းအိမ်တော်ရှိရာသို့ သွားလိုက်သည်။
ကျင်းမိသားစုက ရတနာမြို့အတွင်းမှာတော့ နာမယ်ကြီး မိသားစုတစ်ခုဖြစ်သည်။ ထိုကြောင့် ရှောင်လုံအတွက် ကျင်းအိမ်တော်အကြောင်းကို စုံစမ်းရသည်မှာ မခက်ခဲလှပေ...။
ခဏလောက်ကြာပြီးနောက် ရှောင်လုံက ကျင်းအိမ်တော်အဝသို့ရောက်ရှိလာသည် ။ ထိုနောက် ကျင်းအိမ်တော်ဝတွင် စောင့်ကြပ်နေသည့်အစောင့်အား သူလာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောပြလိုက်သည် ။
".... ခင်ဗျားက ဂိုဏ်းချုပ်နဲ့တွေ့ချင်လို့ဟုတ်လား ...?"
ကျင်းမိသားစု၏ အစောင့်က သံသယဖြင့် ရှောင်လုံအား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး
".... ဒါဖြင့် ခဏစောင့် ... ကျုပ်သတင်းသွားပို့လိုက်အုံးမယ် ..."
အမှန်တော့ ရှောင်လုံသိုင်းပညာနှင့်ဆိုရင် ကျင်းအိမ်တော်အတွင်းသို့မည်သူမှ သတိမပြုမိခင်မှာ ရောက်အောင် ဝင်နိုင်စွမ်းရှိသည် ။ သို့သော် ရှောင်လုံကျင်းမိသားစုဆီသို့ လာရောက်ရသည့်အဓိကရည်ရွယ်ချက်မှာ နဂါးမြက်ရှစ်ပင်အား ဝယ်ယူဖို့ဖြစ်သည်။
ကျင်းမိသားစု အဓိကခန်းမဆောင်အတွင်း၌....
ကျင်းမိသားစု၏ ဂိုဏ်းချုပ် ကျင်းဂွမ် နှင့် ကျင်းမိသားစု၏ အကြီးအကဲများဟာ တည်ကြည်သောမျက်နှာအနေအထားများဖြင့် ရှိနေကြသည်။
ထိုအပြင် သူတို့ကတစ်ခါတစ်ရံမှာ မျက်မှောင်ကြုတ်သွားလေ့ရှိသည်။ ကျင်းမိသားစုက ယခုအချိန်မှာ အရေးကြီးကိစ္စတစ်ခုနှင့် ရင်ဆိုင်နေရပုံပေါ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...