ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၄၇၆ .....
တဖြည်းဖြည်းနှင့် ရှောင်လုံကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသည့် ထုံကျင်မှုများကာပ်ု၍ ပြင်းထန်လာသည်။
သို့သော် ရှောင်လုံကတော့ သူ့ကို မိုးကြိုးအမျှင်တန်းများက ဗုံးကျဲသလို တိုက်လိုက်နေသည့်အပေါ် ရယ်ချင်စိတ်သာ ဖြစ်နေလေသည်။အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ၌ မိုးကြိုးအမျှင်တန်းများက ရှောင်လုံ၏ ထိလွယ်ရှလွယ်နေရာများဖြစ်သော နို့သီခေါင်းနှင့် သူ့ညီလေးတို့ကိုပါ ရန်စသွားလေ့ရှိသည်။ မိုးကြိုးအမျှင်တန်းများက သူ့ညီလေးအား ကလိထိုးသလို ပွတ်တိုက်နေခြင်းကြောင့် ရှောင်လုံမျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေ၏ ။
သို့သော် ဤမျှ ပြင်းထန်သော မိုးကြိုးစွမ်းအင်များက အောက်ပိုင်းသို့ ပြင်းထန်စွာ ကျရောက်နေသော်လည်း ရှောင်လုံစိတ်ထဲမှာတော့ သူ့ကို ကလိထိုးသလို ခံစားနေရတာကို တခြားသူများသာ သိခဲ့လျှင် အံ့သြလွန်း၍ ငုတ်တုတ်မေ့ပြီး အသက်ပျောက်သွားနိုင်သည်။
အဆင့်မြင့်စကြာဝဠာ သိုင်းပညာရှင်များတောင်မှ မိုးကြိုးကြယ်ပွင့် လျှိုမြောင်အတွင်းမှ မိုးကြိုးစွမ်းအင်များကို ထိပ်တိုက်ရင်မဆိုင်ရဲကြပေ ။ ရှောင်လုံညီလေး၏ ကြံခိုင်တောင့်တင့်မှုက အံ့မခန်းအောင်ပင် အစွမ်းထက်နေသည်။
ရှောင်လုံက မိုးကြိုးကြယ်ပွင့်တောင်ကြားအတွင်း၌ တစ်နာရီခန့်ကြာအောင် နေလိုက်သည်။ သို့သော် မိုးကြိုးများက ပျောက်ကွယ်သွားမည့်ဟန်မပြသည့် အပြင် ရှောင်လုံကလည်း သဘာဝ၏ နှိပ်ပေးခြင်းကို လုံလုံလောက်လောက် အနှိပ်ခံပြီးတာကြောင့် မိုးကြိုးကြယ်ပွင့် လျှိုမြောင်အတွင်းမှ ထွက်လာလိုက်သည်။
ရှောင်လုံက မိုးကြိုးကြယ်ပွင့်တောင်ကြားမှ ထွက်လာပြီး ခဏအကြာတွင် လူပုမြို့တော်ဆီသို့ ရောက်ရှိသွားလေသည်။ လူပုမြို့တော်ကြီးကဘရှောင်လုံပထမတစ်ခေါက် ရောက်ခဲ့စဉ်ကလို စည်းကားသိုက်မြိုက်နေဆဲပင် ။
".... ဟာ ...ညီအကိုဟောင် ပါလား ....!"
ရှောင်လုံက လူပုမြို့တော်အတွင်း လှည့်လည်ကြည့်ရှုနေစဉ် အနောက်မှ ခေါ်သံကိုကြားလိုက်ရသည်။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...