ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၁၃၁ ...... တောင်ဘက်တောင်ကြားစစ်တပ်အုပ်ချုပ်သူကို
သတ်ပလိုက်ခြင်း
အသက်ရှစ်ဆယ်အဖိုးအိုက သူ့အတွက်စိုးရိမ်လို့ သတိပေးတယ်တိုတာကို ရှောင်လုံ နားလည်လိုက်၏ ။ အဖိုးအိုရဲ့ ရင်ထဲက ကြင်နာမှုကိုလဲ သူမြင်တွေ့လိုက်ရ၏ ။ ဒါကြောင်မို့ သူက ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်ကာ
"... ဟုတ်ကဲ့.. ကျွန်တော်နားလည်ပါပြီအဖိုး.. "ခနလောက်ကြာတော့ ရွာသားတွေလဲ ဓားကြီးဂိုဏ်းသားတွေရဲ့အလောင်းတွေကိုသေချာအစဖျောက်ဖျက်ကာ အခင်းဖြစ်ပွားတဲ့နေရာကိုရှင်းလင်းလိုက်ပါတယ်... ။ ရှောင်လုံလဲ ရွာသားတွေဒုက္ခရောက်မှာစိုးရိမ်လို့ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ခြေရာလက်ရာတွေသေချာရှင်းလင်းပေးပြီမှ မျိုးနွယ်စုရွာကနေ ထွက်ခွာလာပါတော့တယ်.. ။
ရွာကနေထွက်ခွာလာပြ်ီးတဲ့နောက်မှာရှောင်လုံက လူတောင်းနန်းတွင်းမြို့ကို တိုက်ရိုက်ပြန်တော့မယ်စိတ်ကူးကို ပယ်ဖျက်လိုက်ပါတယ်..။အဲ့နောက်ရှောင်လုံက လူတောင်းမြို့သို့မပြန်ခင် ခရမ်းရောင်မျောက်လေးနဲ့အတူ တောင်ဘက်ခြမ်းတောင်ကြားမြို့တော်ဆီသို့ အလည်တခေါက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ။ တောင်ဘက်ခြမ်းတောင်ကြားမြို့တော်ကဆိုရင် လူတောင်းနိုင်ငံရဲ့ တောင်ဘက်အကျဆုံးနေရာမှာတည်ရှိတာပဲ ဖြစ်ပါတယ် ။ လူတောင်းနန်းတွင်းမြို့တော်နဲ့နှိုင်းယှဉ်ရင် တောင်ဘက်ခြမ်းတောင်ကြားမြို့တော်က အရမ်းကိုသေးငယ်လှပါတယ်.. ။
တောင်ဘက်တောင်ကြားမြို့တော်အတွင်းသို့ သဲမုန်တိုင်းတွေက မကြာခနကျရောက်တာမို့ မြို့ရဲ့မြင့်မားလှတဲ့ မြိုရိုးတံတိုင်းကြီးက ပြောက်ကြားကွက်နေ၏ ။ ပြောက်ကြားကွက်နေတဲ့မြို့တံတိုင်းကိုသေချာကြည့်ရင် အက်ကြောင်းတွေ အပေါက်တွေကိုတောင် မြင်တွေ့ရနိုင်ပါတယ်.. ။
မြို့ထဲကိုဝင်လာပြီးတဲ့နောက် ရှောင်လုံက မြို့အုပ်ချုပ်သူနေထိုင်တဲ့နေရာကို လမ်းသွားလမ်းလာတယောက်ထံမှာ စုံစမ်းလိုက်၏ ။ အဲ့နောက် သူရောက်လာတယ်ဆိုတာသိအောင် မြို့အုပ်ချုပ်သူဆီကိုတိုက်ရိုက်အလည်မသွားသေးပဲ မြို့ရဲ့ချောင်ကျကျ စားသောက်ဆိုင်လေးတခုသို့သွားကာ ဝိုင်ပုလင်းတချို့နဲ့ စားသောက်စရာတချို့ကိုမှာယူစားလိုက်ရင်း ခတ္တခနအချိန်ဖြုန်းလိုက်၏ ။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Adventureပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...