ပြိုင်ဘက်ကင်းသိုင်းဝိညဉ်
အပိုင်း ၂၁.......အက်ဆူရာဂိတ် ရဲ့တပည့်
ခြံထဲကနေ လီလူလက်ဆွဲလာတာကိုခံလိုက်ရတော့ ရှောင်လုံက
မျက်မှောင်ကြုံရင်း " ဟိတ်ကောင်မလေး....ငါ့ကိုအဲ့လိုမဆွဲနဲ့လေ
လူတွေအထင်လွဲကုန်ရင်ဘယ်လိုလုပ်မလဲ..."လီလူလဲ ခနတော့ အံသြသွားပြီးတော့ နှစ်လို့ဖွယ်ပြုံးလိုက်ပြီး
" ...တခြားသူတွေအထင်လွဲတော့ရော ဘာဖြစ်လို့လဲ.?.. ငါကနင့်မိန်းမပဲဟာကို...မိန်မက ကိုယ်ယောက်ျားလက်ကို ဆွဲတာဘာဖြစ်လို့လဲ
ပြီးတော့ ငါ့ကို ကောင်မလေးလို့မခေါ်နဲ့.... ငါကအရမ်းကြီးနေပြီ.."လီလူက ရင်ကိုကော့ပြရင်းပြောလိုက်သည်။
ရှောင်လုံလဲ မျက်ခုံးကိုတွန့်လိုက်လေသည်။
မိန်းမ...?
အရမ်းကြီးတယ်...?
ရှောင်လုံလဲ လီလူရဲ့ ရင်ဘက်ကို စောင်းကြည့်လိုက်ပြီးတော့
မချိုမချဉ်ပြုံးကာ အဲ့နေရာက အခုထိ မြေပြန့်ဒေသပဲ ရှိသေးတယ်မဟုတ်ဘူးလား...?ရှောင်လုံက သူ့ရဲ့ရင်ဘတ်သေးသေးလေးကို စိုက်ကြည့်နေတာကိုတွေ့တော့ လီလူမျက်နှာက ရှက်စိတ်ဖြင့်နီရဲသွားပြီး လေသံတိုးတိုး
ဖြင့် " ....နင်......နင်ဘာလို့လူကိုအဲ့လိုကြည့်တာလဲ...တခြားလူတွေအများကြီးရှိနေတဲ့ဟာကို ငါရှက်တယ်...."ရှောင်လုံလဲ ဘာပြောရမလဲမသိဖြစ်သွားပြီး သူ့ပါးစပ်ကို ပိတ်ရင်းဘာစကားမှ ထပ်မပြောနိုင်တော့ဘူး။
အဲ့နောက် သူလက်ကို လီလူလက်ထဲက ရုန်းလိုက်ပြီးလီဂေဟာကနေ အပြင်ဘက်ကိုထွက်သွားတော့သည်။ ဒါဟာ ရှောင်လုံအတွက် ကန်ဂလန်မြို့တော်ကို ပထမဆုံး ရောက်ဘူးတာမဟုတ်လား...သူတကယ်ကို မြို့ကို လှည့်ပတ်ကြည့်ရှုချင်လေသည်။
" ရှောင်လုံ....ငါ့ကိုစောင့်အုံး...." လီလူက ရှောင်လုံထွက်သွားတာကိုမြင်တော့ နှုတ်ခမ်းဆူလိုက်ပြီး နောက်ကနေပြေးလိုက်လေသည်။
ဒိတကြိမ်မှာတော့ လီလူက ရှောင်လုံလက်ကို ကိုင်မယ့်အစား ရှောင်လုံလက်မောင်းကို ဖက်ထားပြီး ညားကာစဇန်ီးမှောင်နံလို လုပ်လေသည်။ ရှောင်လုံလဲ လီလူရဲ့ နူးညံတဲ့အထိအတွေ့တဲ့ မွှေးကြိုင်တဲ့ အနံတွေကို ခံစားမိလေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1
Aventuraပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှလဲ ပြိုင်ဘက်ကင်းအဖြစ် သိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်မှာပါ။ ကမ္ဘာမြေရှောင်လင်ကျောင်းရဲ့ ကျောင်းတော်သားတယော...