ကြီးမားကျယ်ဝန်းပြီး ခေတ်မှီလှပသောရှောင်းအိမ်တော်တွင် အလုပ်,လုပ်သူပေါင်းများစွာ ရှိလင့်ကစား အားလုံးတိတ်ဆိတ်ငြိမ်သက်နေကြကာ စံအိမ်ကြီး၏အရှင်သခင် ရှောင်းမော့ရန်ရဲ့ဒေါသသံခပ်ကျယ်ကျယ်သာ ကြားနေရသည်။
"အားချန်....မင်းပြောတော့ အားကျန့်တို့ အနောက်ကလိုက်လာတယ်ဆို.....ဘာလို့အခုထိမရောက်သေးတာလဲ....."
မျက်နှာထားခပ်တည်တည်နဲ့ သူ့ကိုကြည့်ရင်းမေးခွန်းထုတ်လာသော ရှောင်းမော့ရန်ကြောင့် ကျန်းချန်မှာ သတိအနေအထားဖြင့် ပြန်ဖြေလိုက်ရသည်။
"အနောက်ကလိုက်လာတာ ဟုတ်ပါတယ် ဒယ်ဒီ...."
"အဲ့ဒါဆို ဘာကမဟုတ်တာလဲ....ပြန်ရောက်ရမဲ့အချိန်က တန်ရုံတင်မကဘူး ကျော်တောင်ကျော်နေပြီ....အားကျန့်ရော လင်းယန်ရော ဖုန်းခေါ်မရဘူး.....ဘယ်လိုဖြစ်တာလဲ...."
အချိန်မှီပြန်မရောက်လာသောသားအတွက် မော့ရန်မှာ အတော်ကြီးစိုးရိမ်ပူပန်နေမိသည်။အရာရာမှာ တိကျသေချာလွန်းသည့်သား၊သူယုံကြည်အားကိုးရသည့်သား....လမ်းမှာအန္တရာယ်တစုံတခုနဲ့များ ရင်ဆိုင်နေရ၍ အရောက်နောက်ကျလေသလား။
"ကျနော် အခုပဲ ပြန်သွားကြည့်လိုက်ပါ့မယ် ဒယ်ဒီ....."
"အေး....လမ်းတလျှောက်လုံးက စစ်ဆေးရေးဂိတ်တွေကို အကုန်ဖုန်းဆက်ပြီး မေး....အင်အားအလုံအလောက်ခေါ်သွားလိုက် အားချန်.....ငါ့သားကို ဒုက္ခဖြစ်စေတဲ့ဘယ်အရာမဆို အကုန်ရှင်းပစ်ခဲ့.....တခုမှ အကောင်းတိုင်းမကျန်စေနဲ့...."
ဒေါသအရှိန်ကြောင့် မော့ရန်ရဲ့မျက်နှာမှာ တင်းမာခက်ထန်နေသလို လက်မှာဝတ်ဆင်ထားသော မဟူရာလက်စွပ်နည်းတူ မျက်ဝန်းနက်နက်တွေက တဖျတ်ဖျတ်လက်လို့နေသည်။
"ဟုတ်ကဲ့ ဒယ်ဒီ...."
အရိုသေပြုရင်း ထွက်သွားသည့် ကျန်းချန်ရဲ့နောက်ကျောကို မော့ရန်တချက်ကြည့်လိုက်ပြီး
"အားချန်....ဒီကိစ္စတွေကို မင်းတို့ပါပါးမသိစေနဲ့...."
ပုံမှန်အားဖြင့် မော့ရန်ရဲ့အလုပ်ကိစ္စတွေထဲဝင်စွတ်ဖက်လေ့မရှိသော ရှဲ့ယွင်က သူ့သားတွေနဲ့ပတ်သတ်လာလျှင် လူံးဝမှသည်းမခံတက်ပါ။သားကိုမော့ရန်ဆူပူလျှင်တောင် မကြိုက်သည့်ရှဲ့ယွင်က မှားမှား၊မှန်မှန် သားတွေဘက်ကသာရပ်တည်တက်သော ဖခင်တယောက်မို့ ကြိုသတိပေးလိုက်ရသည်။
