"Hello အဖေ....အဖေပို့ထားတဲ့ messageရလို့ ကျနော် ပိုက်ဆံလွဲပေးလိုက်ပြီ....."
ဝမ်ချောင်တယောက် အလုပ်ခနနားတဲ့ချိန်အတွင်း cctvလွတ်သည့် အပေါ်ထပ်ကို တက်လာခဲ့ပြီး ဖခင်ဖြစ်သူနဲ့ ဖုန်းခိုးဆက်နေသည်။
*အေး အဖေလဲသူံးစရာပြတ်နေပြီ....ငါ့သားကို ခနခနအပူကပ်ရတာ အားနာတယ်ကွာ.....အဲ့မှာအခြေနေဘာထူးသေးလဲ...."
တဖက်ကဝမ်ရိုဟန်ရဲ့အမေးကြောင့် အနောက်ကိုလှည့်ကာ လူရှိမရှိကိုသေချာကြည့်ရင်း ဘယ်သူမှတက်မလာတာကြောင့် စိတ်ချရသည့်အခြေနေရှိမှ
"ထူးတာထက် အဖေသိရင်အံ့ဩသွားမဲ့ကိစ္စတခုရှိတယ်....အဖေ့တူလေး အခုဘယ်မှာလို့ထင်လဲ...."
"မသိဘူးလေ.....Seanနဲ့ပါသွားထဲက ပျောက်နေတာ.....မင်းတွေ့လိုက်လို့လား...."
ဝမ်ရိုဟန်အသံက ခပ်လောလောဖြစ်နေတာမို့ သူပြောတာကို စိတ်ဝင်စားနေမှန်းသိကာ ဝမ်ချောင်ရယ်ဟဟနဲ့ပြောလိုက်မိသည်။
"အဖေ့တူလေးက အခုရှောင်းအိမ်တော်မှာ Seanနဲ့လက်ထပ်ပြီး သားမက်အဖြစ်နဲ့ရှိနေပြီ....အဲ့ထပ်ထူးဆန်းတာက တအိမ်လုံးကဖူးဖူးမှုတ်နေကြတာပဲ.....ကြည့်ရတာ သူတို့တွေမသိသေးဘူးထင်တယ်....."
တဖက်မှ ဝမ်ရိုဟန်ရဲ့အသံခနတိတ်သွားပြီးမှ တဟားဟားအော်ရယ်ရင်း
*ငါ့တူလေးက လုပ်ကြံတာတောင် မသေနိုင်သေးဘဲ ဦးလေးကြီးအတွက် အလုပ်လုပ်ပေးချင်နေတုန်းပါလား.....ကောင်းတယ် သိပ်ကောင်းတယ်.....ဟား ဟား.....ရှောင်းမော့ရန်တို့လည်တယ်ဆို အခုတော့ မြွေပွေးခါးပိုက်,ပိုက်ထားတာပါလားကွ.....*
ဖခင်ရဲ့အပြောကြောင့် ဝမ်ချောင်ပါလိုက်ရယ်မိသွားသည်။သူတို့သားအဖနှစ်ယောက်လူံးက အခွင့်သာလျှင် ဘနဖူးသိုက်တူးမည့်လူစားမျိုးတွေမို့ ဆွေမျိုးသားချင်းရယ်လို့လဲ ဘယ်တုန်းကမှ ရင်းနှီးနွေးထွေးခဲ့ခြင်းမရှိပါ။
*ငါ့သားကို ဘာဆက်လုပ်သင့်တယ်ဆိူတာ အဖေသင်ပေးဖို့မလိုဘူးမလား....."
"ကျနော်သိပါတယ် အဖေရာ....အဖေ့သားကို ယူံလိုက်စမ်းပါဗျာ.....ဝမ်ရိပေါ်မပြောနဲ့ ရှောင်းမော့ရန်တောင် ကျနော်ဘယ်သူဆိုတာအခုထိမသိသေးဘူး...."
