Chapter 11

1K 71 0
                                    

တဝေါဝေါတိုက်ခတ်နေသည့် လေပြင်းကြောင့် သစ်ပင်ကြီးငယ်တို့က ဘယ်ညာယိမ်းထိုးနေသလို အငြိုးတကြီးရွာနေသော မိုးစက်မှုန်တို့အပြင် ဝင်းခနဲလက်ခနဲနဲ့ ထစ်ချုန်းသံပေးနေသည့် မိုးခြိမ်းသံတိူ့ဖြင့်အသူရာတို့စစ်ခင်းပုံက ကြောက်မက်ဖွယ်ရာ။

ညစာစားသောက်ပြီးကြတော့ အိမ်ထဲက ဝါးကြမ်းခင်းလေးပေါ်မှာ ထိုင်ရင်း ရိပေါ်တ‌ေယာက်ငြိမ်နေမိသည်။နေ့ခင်းတုန်းကတော့ လင်းလင်းချင်းချင်းမို့ သိပ်မသိသာပေမဲ့ ညဘက်အချိန်မှာတော့ မြင်မြင်သမျှက မဲမှောင်လို့နေသည့်အပြင် လေမိုးထန်နေခြင်းကြောင့် ပိုလို့ထိတ်လန့်စရာကောင်းနေသည်။

ဆိုလာနဲ့သူံးရသည့် မီးအိမ်လေးတခုသာထွန်းထားတာကြောင့် အရာရာက ရိပေါ်ရဲ့ရှေ့ဆက်ရမည့်နေ့ရက်တွေလို ဝေဝေဝါးဝါးနိုင်လွန်းသည်။အိမ်‌ပေါက်ဝအရောက်တရောက်လောက်မှာ ချထားသောဝါးကုလားထိုင်ပေါ်မှာရှိနေသည့် ရှောင်းကျန့်ကိုလှမ်းကြည့်လိုက်မိသည်။

ခပ်တိုတိုညှပ်ထား‌သောဆံပင်ပုံစံနဲ့ လိုက်ဖက်သည့် မျက်နှာသွယ်သွယ်နဲ့ရှောင်းကျန့်က ခုံကိုနောက်ကျောမှီထားကာ မျက်လုံးမှိတ်ထားသည်။ကိုယ့်ဘေးမှာ လူရှိတယ်ဆိုတဲ့အသိရှိနေပေမဲ့လဲ တောထဲတောင်ထဲမို့ စိတ်ထဲမှာ လုံခြုံသည်ဟုမထင်မိပါ။

မြို့ကြီးသားပီပီ အဆင့်တန်းမြင့်မြင့်‌၊ ခေတ်မှီစွာနေထိုင်ခဲ့တဲ့ရိပေါ်အဖို့ ဒီလိုနေရာမျိုးမှာ ရှိနေရခြင်းက တကယ်ကို အိမ်မက်ဆိူးတခုလို စိတ္တဇဆန်လွန်းသည်။ဖေဖေတို့ရော ရိပေါ်ကိုစိတ်ပူပန်စွာနဲ့ ရှာဖွေနေကြမည်လား။ဘယ်အချိန်ကြမှ ဒီတောထဲကနေ ထွက်ရမှာလဲ။မြို့ပေါ်ရောက်သွားရင်ရော အန်ကယ်လ်က ရိပေါ်တို့ကိုလိုက်သတ်ဦးမှာလား။

"တနေကုန်လဲ မနားရသေးဘူးမလား.....အိပ်တော့လေ...."

အဆင်မပြေမှုတွေ တန်းစီပြီးတွေးနေတုန်းမှာပဲ ပြောလာသည့် ရှောင်းကျန့်ကြောင့် ရိပေါ်လှမ်းကြည့်လိုက်တော့ ဘယ်အချိန်ထဲက ကြည့်နေလဲမသိသည့် မျက်ဝန်းတွေနဲ့ဆုံလိုက်ရသည်။

"ခင်ဗျားကရော...."

"ကျုပ်က ဒီအ‌ရှေ့မှာပဲ အိပ်လိုက်မယ်....မင်းအခန်းထဲမှာ အိပ်လိုက်.....ကျုပ်အပြင်မှာရှိနေမှာမို့ စိတ်ချလက်ချအိပ်ပါ....ကျုပ်ကတိအတိုင်း မှဲ့တပေါက်မစွန်းစေရဘူး...."

ကျွန်တော့်ချစ်သူရွှေမင်းသားWhere stories live. Discover now