ရှောင်းကျန့်ရေချိုးပြီး ပြန်ထွက်လာတော့ ရိပေါ်က မှန်တင်ခုံရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ရင်း မှန်ထဲက သူ့မျက်နှာလေးသူ စိတ်ပျက်လက်ပျက်နဲ့ထိုင်ကြည့်နေသည်က အရုပ်လေးတရုပ်ချထားသလို မလှုပ်မရှပ်နဲ့ငြိမ်ငြိမ်လေး။
ရိပေါ်က ပိန်ပိန်သွယ်သွယ်လေးမှန်းသိပေမဲ့ ရှောင်းကျန့်ရဲ့ရှပ်အင်္ကျီဖားဖားကြီးနဲ့ အိမ်နေရင်းဝတ်သည့် ချည်သားဘောင်းဘီခပ်ပွပွတို့ကြောင့် ခန္ဓာကိုယ်သေးသေးက အဝတ်ပုံထဲမြုပ်နေသယောင်။ရေစိုနေသောဆံပင်ဝါဝါတို့ကို မသုတ်ဘဲထားတာကြောင့် ပုခုံးတဝိုက်က အနည်းငယ်စိုနေသေးသည်။
ကြည့်ရတာ အတော်လေးစိတ်ညစ်ပုံပေါ်သည်။တဖက်သားစိတ်ညစ်နေတာ သိပေမဲ့လဲ မဲ့တဲ့တဲ့ရုပ်လေးက ချစ်စရာတော့အကောင်းသားဟု ရှောင်းကျန့်တွေးလိုက်မိသေး၏။
"ဆံပင်ကို ခြောက်အောင်သုတ်လေ....နှာစီးနေလိမ့်မယ်..."
အတွေးလွန်နေရာမှ ရုတ်တရက်ကြီးကြားလိုက်ရတဲ့အသံကြောင့် ရိပေါ်မှာလန့်သွားရကာ ဆတ်ခနဲတုန်သွားရသည်။သူ့အနောက်မှာရပ်နေသော ရှောင်းကျန့်ကို မှန်ထဲကနေတဆင့်လှမ်းကြည့်လိုက်တော့ အောက်ပိုင်းကို တဘတ်တထည်ပတ်ထားကာ အပေါ်ပိုင်းက ဗလာကျင်းလိူ့ သူ့ကိုယ်သူ ကာယဗလမောင်များထင်နေသလားမသိ။
ပေါက်စီလူံးက ဘာမှမပြောဘဲ တချက်ပဲလှမ်းကြည့်ကာ မျက်နှာလွဲသွားသည်မို့ ရှောင်းကျန့်လဲ အဝတ်စားဝတ်နေလိုက်သည်။အဝတ်စားလဲပြီးသည်အထိ ထိုင်ရာမထရှိနေသေးသည့် ရွှေမင်းသားလေးကြောင့် မနေနိုင်တဲ့သူကဘဲ တဘတ်တထည်ဆွဲယူကာ အနောက်ကနေ ရေစိုဆံပင်ဝါဝါတို့ကို အသာအယာသုတ်ပေးနေမိသည်။
ရှောင်းကျန့်လုပ်ပေးသမျှကို ငြင်းဆန်ခြင်း၊ရုန်းကန်ခြင်းမရှိဘဲ ငြိမ်ငြိမ်လေးသာရှိနေတာမိူ့ ရွှေမင်းသားက လက်ခံသည့်သဘော။
"ဒီတရက်တော့ သည်းခံပြီး ကိုယ့်အင်္ကျီပဲ ဝတ်လိုက်ဦး....မနက်ဖြန်ကြရင် မင်းအတွက် ကိုယ်လိုက်ဝယ်ပေးမယ်နော်...."
"ဘယ်တက်နိုင်မလဲ ငါက မင်းတို့လက်ခုပ်ထဲကရေဖြစ်နေပြီ....အဆင်ပြေအောင် နေရမှာပေါ့....ဟိူမဝတ်ဘူး ဒီဟာမလိုချင်ဘူးနဲ့ ဂျီးများခွင့်မှမရှိတာ...."