ရှောင်းသခင်ကြီးနဲ့ အိမ်သားတစု ဘန်ဂလိုထဲကိုဝင်လာခဲ့တော့ အပြင်မှာရှိတဲ့အစောင့်တချို့က ဦးညွတ်အရိုသေပြုကြသည်။မော့ရန်က အသိမှတ်ပြုသလို ခေါင်းတချက်ညိတ်ပြလိုက်ရင်း မြေအောက်ခန်းကို တန်းဆင်းလာခဲ့သည်။
"ငါ့သားနဲ့ဘာဆိုင်သလဲ....ငါနဲ့ဖြစ်တဲ့ပြသနာ ငါနဲ့ပဲရှင်းလေ.....ရှောင်းမော့ရန် ဘယ်မှာလဲ....အဲ့လူကို ခေါ်ပေးစမ်း...."
လှေခါးတဝက်လောက်ရောက်တော့ အစောင့်တွေကို ပြောဆိုကြိမ်းမောင်းနေသည့် ဝမ်ရိုဟန်ရဲ့အသံကို ကြားနေသည်မို့
"ခင်ဗျားကက ခင်ဗျားသွေးသားထိတော့မှ သိပ်နာတက်နေပါလား ဝမ်ရိုဟန်....."
ခပ်သဲ့သဲ့ရယ်သံနဲ့အတူ ဆင်းလာသော ရှောင်းကျန့်တို့ကိုမြင်တော့ ကုလားထိုင်ပေါ်မှာကြိုးနဲ့တုတ်ခံထားရသည့် ဝမ်ရိုဟန်ကလှည့်ကြည့်လာသည်။
"ရောက်လာကြပြီလား ရှောင်းမော့ရန်....."
ရှောင်းမော့ရန်နဲ့ဘေးချင်းယှဉ်လျက်သားရှိနေသူက Sean...ရှဲ့ယွင်နဲ့ ဝမ်ရိပေါ်က အနောက်ကနေလိုက်လာသည်။ဝမ်ရိုဟန်နဲ့မျက်နှာချင်းဆိုင်မှာ ချထားတဲ့ခုံမှာ မော့ရန်ဝင်ထိုင်လိုက်တော့ သူ့လူတွေက အနောက်မှာဝိုင်းရံပြီးသား။
"ငါ့လက်ကမလွတ်မှန်းသိသိကြီးနဲ့ အတော်မှ ပုန်းလိုက်ရရဲ့လား....."
မော့ရန်မှာလေသံကအစ ခက်ထန်နေသလို မျက်နှာထားကပါ မာကျောလို့နေသည်။သွားလေရာ နောက်လိုက်နောက်ပါတွေတသီကြီး ဝန်းရံနေသည့်မော့ရန်ရဲ့ပုံစံက ကြွားဝါတာမျိုးမဟုတ်ဘဲ ခန့်ညားနေတာပဲဖြစ်သည်။ဒါကိုပဲ ဝမ်ရိုဟန်အားကျမက်မောခဲ့ရတာ ဖြစ်၏။
"မင်းတော်လို့မဟုတ်ပါဘူး.....သတင်းပေးကောင်းနေလို့ပါ.....ဟုတ်တယ်မလား ဝမ်ရိပေါ်....."
ခနဲ့တဲ့တဲ့ရယ်ကာ ရှောင်းကျန့်ဘေးမှာရပ်နေသော ရိပေါ်က်ိုဝေ့ကြည့်ရင်း ဝမ်ရိုဟန်ကမေးလိုက်တော့
"သွားခိုင်းတဲ့ မင်းဧကရာဇ်လဲမဟုတ်ဘူး....အစွယ်လိုသူမိဘုရားလဲမပါဘူး....ငမိုက်သား မုဆိုးလဲမရှိဘူး....ကြိုက်တဲ့စာမျက်နှာမှာ ဘယ်အချိန်ပဲလှန်ကြည့်ကြည့် ကိုယ်တိုင်ရေးရတဲ့ ကိုယ့်သမိုင်းအတွက် ဝမ်ရိပေါ်က လိပ်ပြာလုံပြီးသား....."
