"ဖေဖေ....ဝမ်ဝမ်ဒီလူကြီးနဲ့ထပ်ပြီး မင်္ဂလာမဆောင်ဘူး....ဝမ်ဝမ်တို့က ကွာရှင်းတော့မှာ....."
မကြည်လင်သည့်မျက်နှာလေးနဲ့ အဖေဖြစ်သူကိူ ဇွတ်တရွတ်ပြောနေသော ဝမ်ရိပေါ်လေးကြောင့် ဟိုက်ခွမ်းမှာ ယောက်ဖကို မျက်စပစ်ပြရင်း အသံတိတ်မေးမိတော့ ခေါင်းခါပြလာသည်။
"ဘာကြောင့်လဲ....မင်္ဂလာပွဲမလုပ်ချင်တာက ထားတော့....ကိုယ်နဲ့ဘာလို့ ကွာရှင်းချင်ရတာလဲ....အကြောင်းပြချက်ကဘာလဲ...."
ခပ်တည်တည်နဲ့ရှောင်းကျန့်ဝင်မေးလိုက်တော့ ယောက္ခမကြီးကလဲ ရိပေါ်ပြန်ဖြေလာမည်ကိူသိချင်နေဟန်။
"ဘာကိူအကြောင်းပြချက်ပေးနေရဦးမှာလဲ....ဖေဖေ ဝမ်ဝမ်တို့က မလွဲသာတဲ့အ ကြောင်းတွေနဲ့မို့ ဟန်ဆောင်လက်ထပ်ထားရတာ....မယူခင်ထဲက တချိန်ကွာရှင်းမယ်လို့ ကတိပေးထားပြီးသား....ဝမ်ဝမ်ပြောသလိုသာ ရှေ့နေခေါ်ပြီး စီစဉ်ပေးပါနော် ဖေဖေ...."
တဇွတ်ထိုးပူဆာနေသည့် ရိပေါ်ကြောင့် သားမက်ရှောင်းကမျက်နှာမကောင်းသလိူ သူကိုယ်တိုင်လဲ ဘာပြောရမှန်းမသိ။တော်သေးတာပေါ့ ခမည်းခမက်တို့က မနက်ထဲကအပြင်သွားကြလို့ မဟုတ်ရင် တဖက်နဲ့တဖက်မျက်နှာပူအားနာရဦးမည်။
"မဟုတ်သေးဘူးလေ သားငယ်....ဟန်ဆောင်တာပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ်....သားတို့လက်ထပ်ထားကြတာ လူသိရှင်ကြားလေ....ယူထားတာ ဘယ်လောက်မှမကြာသေးဘူး....အခုယူအခုကွဲဆိုတာ အလုပ်မဟုတ်ဘူး....."
သားတော်မောင်ရဲ့စူပုတ်ကောက်ချိတ်နေသော မျက်နှာလေးကိူကြည့်ရင်း ဝမ်ချီရန်ဆက်ပြောလိုက်မိသေးသည်။
"စိတ်ဆိုးတုန်းခန ကွာမယ်ကွဲမယ်တွေးတက်ကြတာ အိမ်ထောင်သည်တိုင်းပဲလေ....အိမ်ထောင်တခုတည်ဆောက်ပြီးရင် အဲ့လိုကလေးဆန်ဆန်အတွေးနဲ့ အလွယ်တကူဆုံးဖြတ်လို့မရတော့ဘူး....လူကြားထဲ ဖေဖေ့ကို ခင်ဗျားသားက အိမ်ထောင်ကွဲနေတာလားလို့ မေးခဲ့ရင် ဖေဖေဘယ်လိုမျက်နှာနဲ့ပြန်ဖြေရမှာလဲ....ငါ့သားအတွက်ရော အိမ်ထောင်ကွဲဆိုတာကြီးက မထိခိုက်စေဘူးလား.....နေရာတကာ စိတ်လိုက်မာန်ပါမလုပ်နဲ့ ခေါင်းအေးအေးထားပြီး စဉ်းစားပါ သားရယ်....."